အပိုင်း ၇

574 20 0
                                    

#Unicode

ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးက ဒီနေ့မှပိုပြီးတောက်ပနေသလို

အကြောင်းရင်းကတော့ shirt အဖြူရောင်လက်ရှည်ကို လက်တစ်ဝက်ခေါက်တင်ထားပြီး ​ေနဗီရောင်စတိုင်ပန်ကိုလိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ဦး ကြောင့်ပင်
luggage ကိုလက်တစ်ဖက်က ဟန်ပါပါဆွဲရင်း တစ်ခြားတစ်ဖက်ကသွေးကြောတွေ အထင်းသားမြင်နေရတဲ့ ဖြူနုနု လက်ကောက်ဝတ်မှာရှိနေတဲ့ နာရီကို ကြည့်လိုက်ပုံက လေဆိပ်ရှိ မိန်းကလေးများတိုင်းအတွက် အသက်ရှူရပ်သွားမတတ် တောက်ပလွန်းနေသည်

မိန်းကလေးများရဲ့ အလိုချင်ဆုံးပုံစံဖြစ်ရုံသာမက ယောက်ျားလေးများရဲ့ အားကျဖွယ်ရာ ထိုအမျိုးသားလေးကတော့ ဘာကိုမှ ဂရုစိုက်ဟန်မရှိ လေဆိပ်အပြင်ရောက်တဲ့အခါ အငှားကားတစ်စီးပေါ် တက်သွားလေရဲ့

ဒီနေ့ Mew ထိုင်းကိုပြန်ရောက်တဲ့နေ့ mae တို့ကို အံ့သြသွားစေချင်တာကြောင့် ဒီရက်ပိုင်းအတွင်းပြန်လာမယ်လို့သာပြောထားသည် ရက်အတိအကျမပြောထား

Mew ကားပေါ်ကနေ ခြောက်နှစ်တာအတွင်းမှာ ဘန်ကောက်မြို့ရဲ့အနည်းငယ်ပြောင်းလဲသွားမှုလေးကိုငေးကြည့်နေမိသည်
တစ်စုံတစ်ယောက် သူ့ရဲ့ တစ်စုံတစ်ယောက်လေးကရော ဘယ်လောက်တောင်ပြောင်းလဲနေပြီလဲ

"mae.."

"ဟယ် သား mae သားလေးပြန်လာပြီ ဖေကြီးရေဒီမှာ သားပြန်လာပြီ"

Mew mae သူ့ကိုမြင်ပြီးအံ့သြသွားကာ အပေါ်ထက်က Mew ရဲ့ phawကိုလှမ်းခေါ်လိုက်တော့ phaw က အိမ်ပေါ်ထပ်ကနေဆင်းလာသည်

"သားကြီး ပြန်လာပြီလားကွ"

"ဟုတ်ကဲ့ phaw သားပြန်ရောက်ပါပြီ"

"လာလာသား လာထိုင် သားကရက်အတိအကျမပြောသေးတော့ mae ကပြန်မလာဖြစ်လောက်သေးဘူးထင်တာ"

"mae တို့ကို suprise လုပ်ချင်လို့ သားကမပြောခဲ့တာ"

"ဟယ် ဒီကောင်လေးကတော့ ကြိုပြောထားတော့ mae တို့လာကြိုမှာပေါ့"

"ရပါတယ် mae ရဲ့ ဘာမှမဖြစ်ပါဘူး"

"ကဲ မေကြီး သားကိုနားပါစေဦးကွာ နောက်စကားတွေအများကြီးပြောလို့ရပြီပဲဟာ သားကခရီးဝေးကြီးလာခဲ့ရတာ ပင်ပန်းနေမှာပေါ့"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now