အပိုင်း ၁၁

615 16 0
                                    

#Unicode

"ဟဲ့ ...ဟဲ့ ဟိုနေ့ကဘာဖြစ်လဲ ပြောပြ ပြောပြ"

"အေးဟုတ်တယ် ငါတို့မှာသိချင်လွန်းလို့ ကျောင်းတောင် အစောကြီးလာရတာ"

စာသင်ခန်းထဲပြေးဝင်လာပြီး Gulf ရှေ့ထိုင်ကာ အသဲအသန်မေးလာတဲ့ Mai နဲ့ Puefai Mild တို့ကတော့ မနိုင်ဘူးဆိုပြီးသာ ကြည့်လိုက်မိကြသည်

"ဟို အဲ့တာက..."

Gulf ဘယ်လိုပြန်ဖြေရမှန်းမသိ ကိုကိုနဲ့အခြေအနေကို ဖွင့်ပြောသင့်သေးရဲ့လား အဲ့ ကိစ္စနဲ့ပက်သက်ပြီး ကိုကိုနဲ့လဲ မပြောရသေးတာမို့ Gulf သူငယ်ချင်းတွေကို မပြောပြချင်သေးပါ

"ဟဲ့ ဘာဖြစ်နေတာလဲ ပြောပြပါဆိုမှ"

"ဘာ ဘာမှမဖြစ်ပါဘူးဟာ ငါ့ကိုနည်းနည်းဆူတယ် နောက်ထပ်မဖြစ်အောင်နေဖို့ပြောတယ် ဒါပါပဲ"

"ဟမ် ဒါပဲ "

"Omm ဒါ... ဒါပဲလေ ဘာရှိရဦးမှာလဲ"

"ဟဲ့ နင့် ကိုကိုကဘာလဲ ငါနဲ့နေရာချင်းသာလဲလိုက်ချင်တော့တယ် တစ်ကတည်း နှစ်ခါရှိပြီ ခုလိုဖြစ်တာ အဲ့တာကိုသူက ဆူရုံပဲလား"

"မဆူလို့ ဘာလုပ်ရဦးမှာလဲ အရူးမရဲ့"

Mai တို့ပြောနေတာကို ကြားထဲက Tar ကဝင်မေးလာသည်

"ဟာ နင်ကလဲ သဝန်တိုပြီး အဆင့်လေးဘာလေးတက်သင့်တာပေါ့"

"ဟဲ့ ဘယ်ကအဆင့်ကိုတက်ရမှာလဲ"

"ဟာ ဒီငဒူတွေကတော့ နင်တို့မသိဘူးလား Phi Mew က Gulf ကိုချစ်နေတာလေ"

Puefai က Tar ကိုပြောလိုက်တာပေမယ့် သူ့ဘာသာစာကြည့်နေတဲ့ Gulf ကမျက်လုံးပြူးသွားလေသည်

(အဲ့နှစ်ယောက်က ဘယ်လိုလုပ်ပြီးသိသွားရပြန်တာလဲ)

Puefai စကားကြောင့် Tar က

"ဟဲ့ နင်ကလဲမဟုတ်တာတွေ"

"နင်မယုံလဲနေ ဟဲ့နင်ကတော့သိတယ်မဟာတ်လားGulf"

Gulf မကြားချင်ယောင်ဆောင်နေတာကို Puefai ကမေးလာသည်

"မ...မဟုတ်ပါဘူး ငါတို့ကညီအစ်ကိုတွေပါ"

(fic ထဲထိ phinong ဂျင်းကိုဆက်စားကြပါ😁)

"ဟုတ်လို့လား ငါတို့ကမယုံပါဘူး"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now