Arc 1.11

4.5K 602 10
                                    

Unicode

အချိန်ကျတာနဲ့ ညစာစားပွဲစတင်​တော့တယ် 
ခန်းမထဲမှာ ငြိမ့်​ညောင်းတဲ့​တေးသံစဥ်တစ်ခုဖွင့်ထားပြီး လူအများစု က​နေကြတယ်
တစ်ချို့​တွေက​တော့ စီးပွား​ရေးလုပ်ငန်းအသီးသီးရဲ့ သူ​ဌေးကြီး​တွေကြားထဲမှာ လှည့်လည်သွားလာရင် ကိုယ့်အ​ရေးအတွက်ကြိုးပမ်း​နေကြတယ်

ဒီအချိန်မှာပဲ လီ​ဟောက်ကျဲနဲ့လီယွိအာက အဘိုးအိုလီကို တွဲပြီး ​လှေကား​ပေါ်ကဆင်းလာတယ် ယန်ယိယိနဲ့လီခန်းတို့က​တော့ လက်တွဲလျက် ပြုံးလို့ရွှင်လို့​ပေါ့

သိပ်ကို ချစ်စဖွယ်​ကောင်းတဲ့ မိသားစု၀င် ​လေး​ယောက်ပါပဲ

ချီယွိရဲ့ခံစားချက်မဲ့တဲ့အကြည့်က သူတို့ဆီကျ​ရောက်သွားတယ်

အဘိုးလီက မငယ်​တော့​ပေမယ့်လည်း သူ့ရဲ့ဂုဏ်သတင်းက​တော့ အရင်လို ကြီးမား​နေဆဲပဲ အခုသူက လီ​ဟောက်ကျဲနဲ့ အတူတွဲလာတယ်ဆိုတာက အလိုလို​နေရင်းကို သိရမယ့် အ​ထောက်အပံ့​ကောင်းဖြစ်တယ်

ဒီညစာစားပွဲရဲ့ အဓိကဇာတ်​ဆောင်က အဘိုးအိုလီ မဟုတ်ဘူး သူက လီ​ဟောက်ကျဲအတွက် မျက်နှာခန​လောက်ပြ​ပေးပြီး ​နောက်မှာ အ​စေခံတစ်​ယောက်ရဲ့ အကူအညီနဲ့ အနားယူဖို့ ပြန်သွားတယ်

ယန်ယိယိက​တော့ အခြားအမျိုးသမီး​တွေနဲ့ စကား၀ိုင်းဖွဲ့​နေတယ် သူမက ဒီ​နေ့ အရမ်းကို ကျက်သ​ရေရှိရှိ၀တ်စားဆင်ယင်ထားပြီး သဘာ၀ဆန်ဆန်မိတ်ကပ်အပြင်အဆင် ဖြူ၀င်နူးညံ့တဲ့အသားအ​ရေက သူမရဲ့ ဇိမ်ကျတဲ့ ဘ၀ကို ​ဖော်ညွှန်း​​နေတယ်

လီ​ဟောက်ကျဲက​တော့ လီချန်း​နောက်ကလိုက်ပြီး လုပ်ငန်းရှင်ကြီး​တွေကို နှုတ်ဆက်​နေ​လေရဲ့  ဒါက သံသယ၀င်စရာမရှိ​လောက်​အောင်ပဲ လီမိသားစုရဲ့ အနာဂတ် ​ဆက်ခံသူကို ​ကြေညာ​နေတာဖြစ်တယ်

လီ​ဟောက်ကျဲက ​ငွေ​ရောင် အ​နောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားပြီး လီချန်းရဲ့သားဖြစ်တယ်ဆိုတာနဲ့အညီ ​ချော​မောမှု၊ငယ်ရွယ်တက်ကြမှုနဲ့ ဒီအရွယ်မှု မရှိသင့်တဲ့ ရင့်ကျက်တည်ငြိမ်မှု အရိပ်အ​ယောင်တို့ ရှိ​နေတယ် သူ့မျက်လုံး​တွေက​​တော့ မာန်တက်​နေတဲ့ အသွင်အချို့ရှိ​နေတာ​ကြောင့် လူအ​တော်များများက စိတ်ထဲမှာ တံတိုင်းတစ်ခု ကာရံထားမိလိုက်ကြတယ်
လီ​ဟောက်ကျဲရဲ့ စိတ်အ​ခြေအ​နေက ထုတ်​ဖော်​ပြောစရာမလို​အောင် တက်ကြွရွှင်လန်း​နေတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Wo Geschichten leben. Entdecke jetzt