Arc 1.12

4.4K 633 12
                                    

Unicode

"သူ​ဌေး၀မ်က သူ့​မြေးနဲ့အတူ ဒီပွဲကို တက်​ပေးဖို့ ငါ့ကို အကြိမ်​ပေါင်း​ထောင်​သောင်းမက လာ​ပြော​ပေးခဲ့လို့​လေ ..ဘာလဲ..မင်းမှာ မ​ကျေနပ်တာရှိလို့လား" ပြန့်ရီက လီ​ဟောက်ကျဲ့ကို ကလူကျီစယ်စွာကြည့်ရင်း သူ့လျှာ​​လေးကိုထုတ်ပြီး နှုတ်ခမ်းသပ်ပြလိုက်တယ်

သူ့ရဲ့ ရုတ်တရပ်အပြုအမူ​ကြောင့် လီ​ဟောက်ကျဲရဲ့ ခန္ဓာကိုယ်ကို အပူချိန်မြင့်တက်သွား​စေတယ်
အဲ့ဒီအပြင် ဥယျာဥ်ထဲက ရနံ့ခပ်သင်းသင်း​ကြောင့် သူ့ရဲ့စိတ်ကို ပိုနိုးကြွလာ​စေတယ်

ဒီသခင်​လေးကို မြှူဆွယ်ရဲတယ်​ပေါ့!
သူ ဒီ​နတ်သား​လေးကို သူဘယ်​လောက်သန်မာ​ကြောင်း ပြမှဖြစ်​တော့မယ်

လီ​ဟောက်ကျဲက ဘာမှမ​ပြောဘဲ ဒီတိုင်းစိုက်ကြည့်​နေပြီး ပြန့်ရီအ​ပေါ် သူ့အကြည့်​တွေက သား​ကောင်ကို​ချောင်း​နေတဲ့ ကျားသစ်တစ်​ကောင်ရဲ့အကြည့်​တွေလို စူးရှ​နေတယ်

သူတို့နှစ်​ယောက်က အကြိမ်ကြိမ်အတူအိပ်ပြီးသားမို့လို့ လီကျဲ့​ဟောက်ရဲ့ ဒီအကြည့်ကို ပြန့်ရီက ချက်ချင်းနားလည်လိုက်တယ်

ပြန့်ရီက ​နောက်ကို နှစ်လှမ်း​လောက်ဆုတ်မိသွားတယ် "မင်း ဒီမှာမရှိသင့်ဘူး..မင်း ညစာစားပွဲထဲကိုပြန်သွားသင့်တယ်..ငါမလုပ်ချင်-"

"ငါမင်းကို မနှိပ်စက်ချင်ဘူး..လိမ္မာစမ်းပါ..ငါ့ကို ​နေလို့​ကောင်း​အောင်လုပ်​ပေး..မိနစ်အနည်းငယ်ပဲ ကြာမှာပါ" လီ​ဟောက်ကျဲက ပြန့်ရီကို ဆွဲပြီး နံရံမှာ ဖိကပ်လိုက်တယ်

"​တော်ပြီ..ဟင့်အင်း..မင်း ငါ့ကို လွှတ်" ပြန့်ရီက ​ခြေ​ရော လက်​ရောသုံးပြီး ရုန်းကန်စပြုတယ်

လီ​ဟောက်ကျဲရဲ့ အရပ်ရှည်ပြီး ​တောင့်တင်းတဲ့ ခန္ဓာကိုယ်က ပြန့်ရီကို အုပ်မိုးထားပြီး သူ့အကြည့်​တွေက ခုနကလို ကြည်လင်​နေခြင်း မရှိ​တော့ဘူး

ပြန်ရီက သူတတ်နိုင်သ​လောက်ရုန်း​နေ​ပေမယ့် သူ့မှာလည်း အားအများကြီး မရှိဘူး

လီ​ဟောက်ကျဲမမြင်နိုင်တာက​တော့ ပြန့်ရီရဲ့မျက်နှာမှာ မုန်းတီးရွံရှာတဲ့ အရိပ်အ​ယောင်​တွေ ရှိ​နေတာကိုပဲ သူ့ရဲ့ လီ​ဟောက်ကျဲအ​ပေါ် ခံစားချက်အစစ်အမှန်က  မုန်းတီးမှုနဲ့ လက်​စားချေလိုမှုတို့ပဲ ရှိတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Tempat cerita menjadi hidup. Temukan sekarang