Unicode
ချီယွိ ဖုန်းcallကို လက်ခံလိုက်တာနဲ့ တစ်ဖက်ကနေ ထျန်းလဲ့ရဲ့ရဲ့ စကားသံထွက်လာတယ် "ရှောင်လီ..မင်းဘာလုပ်နေတာလဲ..လာသောက်လေကွာ.."
သူ့ဘက်မှာ အရမ်းတွေဆူညံနေတာကြောင့် အပြင်ရောက်နေတယ်ဆိုတာ သေချာတယ်
"ဘယ်အချိန်လဲ? ဘယ်နေရာလဲ" ချီယွိက အေးစက်စွာမေးတယ်
ထျန်းလဲ့ရှိနေတဲ့နေရာက အရမ်းဆူညံနေတာကြောင့် သူက လီပေါယန်ရဲ့ ပြောင်းလဲမှုကို သတိမထားမိဘူး သူက ကျယ်လောင်သွာ ပြန်ဖြေတယ်
" Happyမှာ! ဒီည ၇နာရီကျရင် ပျော်စရာတချို့ရှိလိမ့်အုံးမယ်""ကောင်းပြီ" ချီယွိက အချိန်နဲ့နေရာကို အတည်ပြုပြီးတာနဲ့ ဖုန်းတန်းချလိုက်တာကြောင့် တစ်ဖက်က ထျန်းလဲ့ကို ကြောင်သွားစေတယ်
မြို့တော်ရဲ့ ညဘက်မှာ လျှပ်စစ်မီးရောင်တွေတောက်ပနေပြီး ကလပ်ထဲမှာတော့ အီလက်ထရောနစ် မီးရောင်စုံတို့ ကခုန်မြူးတူးနေကြတယ်
ထျန်းလဲ့နဲ့အခြားသူတွေက သီးသန့်ခန်းထဲမှာ ပျော်နှင့်နေကြပြီ ရုတ်တရပ်သူတို့ တံခါးဖွင့်သံကိုကြားလိုက်ရတော့ လှည့်ကြည့်လိုက်တဲ့အခါ ရုပ်အင်္ကျီအဖြူ၊ဂျင်းဘောင်းဘီကို ၀တ်ထားပြီး ကြောင်တစ်ကောင်ကို ပွေ့ထားတဲ့ ချီယွိကို တွေ့လိုက်ရတယ်
ထျန်းလဲ့ရဲ့မျက်လုံးတွေက သရဲတွေ့လိုက်ရသလို ပြူးကျယ်သွားတယ် "လီပေါယန်?"
"အင်း" ချီယွိက အေးအေးဆေးပဲ သူ့အနားကိုလျှောက်လာတယ်"မင်းတို့ ဘာလုပ်နေကြတာလဲ"
"မင်းမေ-ိုး!!! တကယ်ကြီးလား..မင်းဘာတွေ၀တ်လာတာလဲ"
ထျန်းလဲ့က ကြောင်အစွာမေးလိုက်တယ် သူတို့ လီပေါယန်နဲ့ ခင်လာတာကြာနေပြီ ရုပ်အင်္ကျီနဲ့ဂျင်းဘောင်းဘီ၀တ်တဲ့အခါ သူက ဒီလောက်ကြည့်ကောင်းနေမယ်လို့ ထင်မထားမိခဲ့ဘူးထျန်းလဲ့ တစ်ယောက်ထဲသာမဟုတ်ဘဲ တခြားသူတွေအားလုံးလည်း အံ့ဩနေကြတယ်
ဒီလူက ကြောင်တစ်ကောင်ပွေ့ထားလျက်သားနဲ့တောင် အေးစက်ပြီးသီးခြားဆန်တဲ့အရှိန်အဝါကို ထိန်းထားနိုင်နေတာပါလား
![](https://img.wattpad.com/cover/289443805-288-k924673.jpg)
KAMU SEDANG MEMBACA
နတ်ဘုရားအဆင့် host ၏ အချစ်တော် system Arc 1