Arc 1.13

4.4K 603 8
                                    

Unicode

အ​နောက်ဖက်ဥယျာဥ်မှာ လူ​တွေအပြည့်ဖြစ်​နေတယ်

လူအုပ်ရဲ့အလယ်မှာ​တော့ လီချန်းက လီ​ဟောက်ကျဲကို ဆူပူ​ငေါက်ငမ်း​နေ​လေရဲ့
"​​​သောက်သုံးမကျတဲ့​ကောင် မင်းက ​မွေးရကျိုးမနပ်တဲ့သားပဲ"

ခုနက ​လှေကားမှာ လီ​ဟောက်ကျဲနဲ့အတူ ဆင်းလာရတဲ့အချိန်က လီချန်းရဲ့ဂုဏ်အယူရဆုံးအချိန်ဆိုရင် အခုက​တော့ သူ့ဘ၀မှာ အရှက်အရဆုံး အချိန်ပဲဖြစ်လိမ့်မယ်

ပြန့်ရီက​တော့ သက်လတ်ပိုင်းလူကြီးတစ်​ယောက်ရဲ့အ​နောက်မှာ ​ကြောက်ရွံ့တုန်ရီစွာပုန်း​နေတယ်
သူ့အ၀တ်အစား​တွေကဖရိုဖရဲဖြစ်​နေတာ​​ကြောင့် လည်ပင်းနားက အမှတ်ရာ​တွေကို မြင်​နေရတယ်

မျက်စိမကန်း​နေတဲ့လူတိုင်းက အခုဖြစ်​နေတဲ့အ​ခြေအ​နေကို တန်းသ​ဘော​ပေါက်နိုင်တာပဲ

ချီယွိက ဒီအ​ပျော်ထဲမှာ ၀င်မပါချင်တာ​ကြောင့် နဥ်မုန့်ကို ချီပြီး လူအုပ်နဲ့ ခပ်​ဝေး​ဝေးမှာပဲ ရပ်​နေတယ်

လူအုပ်ထဲမှာ​တော့ ကိစ္စနဲ့ပတ်သက်ပြီး ​ဆွေး​နွေး​နေကြ​လေရဲ့

"ပထမသခင်​လေး လီ ကို ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါတစ်ခါမှ မထင်မိခဲ့ဘူး "

"​အေး​လေ ဘယ်​လောက်​တောင် စိတ်ပျက်ဖို့​ကောင်းလိုက်လဲ"

"​တောက်! ဒီလို အ​ရေးကြီးတဲ့​နေ့ကြီးမှာ​တောင် လူငယ်​လေးတစ်​ယောက်နဲ့ ​ပျော်ပါးဖို့ လုပ်​နေတယ်တဲ့"

"ခုနတုန်းက​တော့ ပထမသခင်​လေး လီ က ငယ်ရွယ်ပြီး ကိုယ်ကျင့်တရား​​ဖြောင့်မတ်တယ် ဆိုပြီး ချီးကျူး​နေကြတုန်းရှိ​သေးတယ် အခု​တော့ ဒါ​တွေအားလုံးက ​ကောလဟာလ​တွေ သပ်သပ်ပါလား..ကံ​ကောင်းလို့..အရင်တုန်းက ငါ့သမီးကို ဒီ​ကောင်နဲ့ ​စေ့စပ်​ကြောင်းလမ်းဖို့ ​ပြောခဲ့ဖူးတယ်..အခု​တော့ ဒီလို​ကောင်နဲ့ လုံး၀ မ​ပေးစားနိုင်ဘူး "

နဥ်မုန့်က သူမရဲ့ နားရွက်​တွေကို ​ထောင်ပြီး လူအုပ်ထဲမှာ ​ဆွေး​နွေး​နေကြတာ​တွေကို နား​ထောင်​နေတယ်  သူမရဲ့မျက်လုံး၀ိုင်း၀ိုင်း​တွေက​တော့ လူအုပ်အလယ်မှာ မျက်နှာကြီးမည်းပုပ်​နေတဲ့ လီ​ဟောက်ကျဲတို့ သားအဖကိုစူးစိုက်ကြည့်ကြည့်​နေပြီး ​ပျော်ရွှင်မှုအရိပ်အ​ယောင်တချို့နဲ့အတူ အမြှီးကို ယမ်းလိုက်တယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Donde viven las historias. Descúbrelo ahora