Unicode
ဒါတွေက လီမိသားစုကို ပြိုလဲသွားအောင်ရိုက်ချနေတဲ့ မုန်တိုင်းလိုပဲ
အပြင်လူတွေကတော့ သာမန်အတင်းအဖျင်းလောက်သာ ထင်မှတ်ကြမှာပေမယ့် ကာယကံရှင်တွေကတော့ သူတို့မိသားစုကို တစ်ယောက်ယောက်က အမြစ်ကနေဆွဲဖြိုဖို့ ကြံနေပြီမှန်း ရိပ်မိကြတယ်
လီမိသားစုရဲ့ ဂုဏ်သိက္ခာက လုံး၀ပျက်စီးသွားပြီး ရှယ်ယာစျေးတွေကပါ မြောင်းထဲထိ ထိုးကျကုန်တယ်
နဥ်မုန့်က ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေတယ်
ချီယွိက လှေကားပေါ်က ဆင်းလာတဲ့အချိန် သူ့အ၀တ်အစားတွေက ခါတိုင်းလိုရိုးရိုးရှင်းရှင်းပဲ ဆိုပေမယ့် နဥ်မုန့်ကတော့ သူမရဲ့hostက ဒီနေ့မှာ တစ်ခုခုထူးခြားနေမှန်း သတိထားမိလိုက်တယ်
နဥ်မုန့်က ဆိုဖာပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ချီယွိရဲ့နောက်က အမြန်လိုက်သွားတယ် "host..အပြင်သွားမလို့လား"
"အင်း..ငါတို့ တူတူသွားကြမယ်" ချီယွိက နဥ်မုန့်ရဲ့အမွှေးတွေ သူ့ကိုယ်ပေါ်ကပ်မှာကိုစိတ်မပူဘဲ ချက်ချင်း ကောက်ပွေ့လိုက်တယ်
*ရှန့်ချာကျွီ*က နန်ချန်းမြို့မှာ နာမည်အကြီးဆုံး လက်ဖက်ရည်ဆိုင်ဖြစ်တယ်
ဒီဆိုင်ဟာ နာမည်တစ်ခုပဲ ထူးခြားတာမဟုတ်ဘဲ သူ့ရဲ့ အဆောက်အအုံပုံစံနဲ့ ဆိုင်တွင်းအပြင်အဆင်ကပါ တော်၀င်ဆန်တာဖြစ်တယ် ရှေးခေတ်ပုံစံအပြည့်အ၀လည်းမဟုတ်ဘဲ ခေတ်ဟောင်း ခေတ်သစ် ပုံစံနှစ်မျိုးရောစပ်ထားတဲ့ပတ်၀န်းကျင်နဲ့ လက်ဖက်ရည်နံ့ခပ်သင်းသင်းကြောင့် စိတ်ကို လန်းဆန်းပေါ့ပါးစေတယ်
ဒီဆိုင်မှာ သီးသန့်ခန်းတွေရှိရုံသာမကဘဲ သာမန်ဆိုင်ဟောထဲက နေရာတွေကိုပါ စားပွဲတစ်ခုနဲ့တစ်ခုကြား အကာအရံလေးတွေထားထားပေးတာကြောင့် စကားကျယ်ကျယ်မပြောသရွေ့ အနှောက်အယှက်ဖြစ်တယ်လို့ ခံစားရမှာမဟုတ်ဘူး ဒါ့အပြင် စားပွဲအသီးသီးဘေးက ပန်းပင်ငယ်လေးတွေကလည်း ဧည့်သည်တွေကို လန်းဆန်းစေတယ်
![](https://img.wattpad.com/cover/289443805-288-k924673.jpg)
ВЫ ЧИТАЕТЕ
နတ်ဘုရားအဆင့် host ၏ အချစ်တော် system Arc 1