Arc 1.20

4.2K 586 2
                                    

Unicode

၁၅မိနစ်ကြာတဲ့အခါ ရဲတပ်ဖွဲ့တစ်ဖွဲ့  ကလပ်​ရှေ့ကို ​ရောက်လာပြီး ရှာ​ဖွေခွင့် ၀ရမ်းကို ထုတ်ပြလာခဲ့တယ်

အခန်းနံပါတ် 302ကို ဖွင့်လိုက်တဲ့အခါ လီ​ဟောက်ကျဲနဲ့ ထျန်းလဲ့တို့က မူးရူး​သောက်စား​နေပြီး ​ကောင်​လေး​တွေနဲ့ ​ပျော်​ပါး နေကြတုန်းပဲ

ချီယွိက  လီ​ဟောက်ကျဲနဲ့ ထျန်းလဲ့တို့ကို ရဲ​တွေ ဆွဲ​ခေါ်သွားတဲ့အထိ ထိုင်ကြည့်​နေခဲ့တယ် ပြီး​တော့သူက laptop ကို အမြန်ဖွင့်ကာ ကလပ်ရဲ့ cctv systemကို hackလိုက်ပြီး သူပါတဲ့အပိုင်း​တွေအကုန် ဖျက်ထုတ်ကာ အခြားvideo​တွေနဲ့ အစားထိုးလိုက်တယ်

ချီယွိ အလုပ်ရှုပ်​နေတဲ့အချိန် နဥ်မုန့်က​တော့ သူ့​ပေါင်​ပေါ်မှာ ၀ပ်​နေပြီး laptopကို ကြည့်​နေတယ်

ချီယွိရဲ့ သွယ်​ပြောင်းတဲ့လက်​ချောင်းဆယ်​ချောင်းက laptop keyboardမှာ ​ပြေးလွှား​နေကြတာက အ​တော်​လေး ကြည့်လို့​ကောင်းတယ် နဥ်မုန့်က ​ခေါင်း​မော့ပြီး သူမ hostရဲ့ ဖြူ၀င်းချောမွတ်တဲ့ ​မေး​​စေ့ကို တုံးအစွာ ကြည့်လိုက်တယ်

hostက သူမ မသိခင် စွမ်းရည်အချို့ကို သင်ယူပြီးခဲ့တဲ့ ပုံပဲ

ကိစ္စ​တွေ အကုန်ပြီးသွားတဲ့အခါ ချီယွိက laptopကို အိတ်ထဲပြန်ထည့်ကာ နဥ်မုန့်ကို ​ပွေ့ပြီး ကလပ်ထဲကထွက်လာခဲ့တယ်

အပြင်မှာ ရဲ​တွေရှိ​နေတာ​ကြောင့် က​သောင်းကနင်း​တွေ ဖြစ်​နေကြတယ်

ဒါ​ပေမယ့် ချီယွိက​တော့ ​အေး​ဆေးစွာပဲ ရုတ်ရုတ်သဲသဲဖြစ်​နေကြတဲ့လူတိုင်းကို ဖြတ်​ကျော်ပြီး မပိတ်ရ​သေးတဲ့ တံခါး​ပေါက်ကနေထွက်ခဲ့တယ်

အပြင်​ရောက်တာနဲ့ နဥ်မုန့်က ​ပျော်ရွှင်စွာ ​ပြောလိုက်တယ် "Host!! Host! ​လီ​ဟောက်ကျဲကို ရဲ​တွေဖမ်းသွားကြပြီ! ​ကောင်းလိုက်တာ"

"အင်း" ချီယွိက ​အေး​ဆေးစွာ တုန့်ပြန်ပြီး သူ့လက်​ပေါ်က ပြုတ်ကျ​တော့မလိုဖြစ်​နေတဲ့ နဥ်မုန့်ကို ပုခုံး​ပေါ် တွန်းတင်​ပေးလိုက်တယ်

ချီယွိက သူ့အစီအစဥ်​တွေနဲ့ ပတ်သက်ပြီး နဥ်မုန့်ကို ဘယ်တုန်းကမှ တိုက်ရိုက် ​ပြောမပြဖူးဘူး လီ​ဟောက်ကျဲနဲ့ ထျန်းလဲ့ အခုလို အဖမ်းခံလိုက်ကြရတာကို မျက်မြင်​တွေ့ပြီး​နောက်မှာ နဥ်မုန့်က နည်းနည်း​တော့ သ​ဘော​ပေါက်လာတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Where stories live. Discover now