Unicode
လီချန်းအဲ့လို ပြောလိုက်တာတောင်မှ အစည်းအဝေးခန်းမက တိတ်ဆိတ်နေဆဲပဲ
နောက်ဆုံးမှာတော့ ရှောင်းကျိုက လီချန်းကို ပြောလိုက်တယ် "ဥက္ကဌ ဒီပုဂ္ဂိုလ်က ရှယ်ယာရှင်အစည်းအဝေးပွဲကို ခေါ်လိုက်တဲ့သူပါ
..မနေ့က ကျွန်တော် ဥက္ကဌကို ပေးလိုက်တဲ့ စာဖိုင်ထဲမှာ ဒီအကြောင်းပါပါတယ်"လီချန်းက မျက်နှာအရမ်းပျက်သွားတယ် သူက အခြေအနေတွေ ဒီလို ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး
မနေ့က ရှောင်းကျိုက သူ့ကို စာဖိုင်တွေပေးခဲ့ပေမယ့် သူ မဖတ်မိခဲ့ဘူး
လီချန်းက သူ့မျက်နှာကို တစ်စုံတစ်ယောက်က ဖြတ်ရိုက်လိုက်သလို ပူထူနေတယ်ချီယွိက နဥ်မုန့်ကိုပေါင်ပေါ်မှာ တင်ထားပြီး ပထမဆုံးခုံမှာ ထိုင်လျက် ဟန်မပြတ်ပြောတယ် "နှစ်ယောက်သား ရောက်လာပြီဆိုမှတော့..ထိုင်ကြပါ..လူတိုင်းက အလုပ်ရှုပ်တဲ့သူတွေချည်းပဲ..အချိန်က အဖိုးတန်တယ်..နောက် ဒါရိုက်တာအသစ်ကို အမြန်ရွေးပြီးတာနဲ့ အစည်းအဝေးလည်း အမြန်သိမ်းလို့ရတာပေါ့"
ချီယွိပြောလိုက်တဲ့စကားတွေက မှန်နေပေမယ့် လီချန်းက သူ့ရဲ့ ထောင်လွှားလွှား အပြုအမူကို မျက်စိစပါးမွေးစူးမိနေတယ် ဒီလူငယ်လေး ပြုမူနေတာက မသိရင် ဒီလီလုပ်ငန်းစုကို သူပိုင်နေတဲ့အတိုင်းပဲ..လီချန်းက မျက်မှောင်ကျုတ်ပြီး သူ့ဒေါသကို ထုတ်ဖော်ပြချင်ပေမယ့် အဘိုးလီရဲ့ အကြည့်ကြောင့် စိတ်ထိန်းလိုက်ရတယ်
"လူငယ်လေး...သိပ်ပြီး ထောင်လွှားမနေနဲ့" အဘိုးလီက ချီယွိကို တစ်ချက်ကြည့်ပြီး နေရာမှာ ထိုင်ချလိုက်တယ်
ရှယ်ယာရှင်အစည်းအဝေးမှာ ဒါရိုက်တာ အသစ် အဖြစ် မဲပေးရွေးချယ်ခံရမယ့် လူက ရှယ်ယာအပိုင် ၁၅%ထပ် နည်းလို့မရဘူး
လီလုပ်ငန်းစုရဲ့လုပ်ပိုင်ခွင့်ကို အပြင်လူဆီရောက်မသွားစေဖို့အတွက် အချို့သောရှယ်ယာတွေကို ရောင်းချဖြန့်ဝေထားပေမယ့် အဓိက ပမာဏကိုတော့ လီမိသားစုကသာ ချုပ်ကိုင်ထားတယ်
DU LIEST GERADE
နတ်ဘုရားအဆင့် host ၏ အချစ်တော် system Arc 1