Arc 1.25 END

5.4K 591 12
                                    

Unicode

နဥ်မုန့်က တာ၀န်ကမ္ဘာမှာ​ရောက်​နေရင်​တောင် system spaceထဲမှာ ဖြစ်​နေတဲ့အရာ​တွေကိုမြင်နိုင်တယ်

Screen​ပေါ်က တာ၀န်​နေရာမှာ ပြီးဆုံး လို့​ပေါ်လာတာကို မြင်တာနဲ့ ​ကြောင်​လေးနဥ်မုန့်က ၀မ်းသာအားရထခုန်လိုက်တယ်

"ဘာလို့ ရုတ်တရပ်ကြီး အရမ်း​ပျော်သွားရတာလဲ" ချီယွိက သူမကို ​ပွေ့ချီလိုက်တယ်

"တာ၀န် ပြီးသွားပြီတဲ့ host အခု ဒီကမ္ဘာက​နေ ပြန်ချင်လား" နဥ်မုန့်က ချီယွိကို မျက်လုံး၀ိုင်း၀ိုင်း​တွေနဲ့ ကြည့်ပြီး ​ပြောလိုက်တယ်

ချီယွိက သူ့ကို ကြည့်​နေတဲ့ အပြာ​ရောင်မျက်လုံး၀ိုင်း၀ိုင်း​တွေကို စူးစိုက်ပြီးကြည့်​နေတယ်
ဒီမျက်လုံး​လေး​တွေက အမြဲတမ်း သန့်စင်ပြီး ​တောက်ပ​နေတာပဲ
ဒီ​လောကကြီးမှာရှိတဲ့ အပြစ်​တွေ အားလုံးက သူမနဲ့ မသက်ဆိုင်သလိုမျိုး

ဒီလိုမျက်၀န်းတစ်စုံကို သူနှစ်သက်လွန်းလို့ ဘယ်သူမှမသိတဲ့​နေရာမှာ သွားဖွက်ထားချင်စိတ်​ပေါ်လာတယ်

နဥ်မုန့်က​တော့ သူမhostရဲ့ အ​တွေး​တွေကို သတိမမူမိ​သေးဘူး သူမက ချီယွိကို ​မျှော်လင့်ချက်ကြီးစွာ စိုက်ကြည့်​နေတုန်းပဲ
ဒါ​ပေမယ့် သူက ဘာမှမ​ပြောတာ​ကြောင့် သူမက ​ဖြည်းဖြည်းချင်း ရှင်းပြလိုက်တယ်

"တကယ်​တော့ တာ၀န်ပြီးသွားရင် ကျွန်မတို့ ဒီကမ္ဘာမှာ ဆက်​မ​နေသင့်တော့ဘူး ​ဒါ​ပေမယ့် စိတ်မပူပါနဲ့  ကျွန်မတို့ ထွက်သွားရင်​တောင် ဒီ​ကမ္ဘာမှာ ကျွန်မတို့ရဲ့ ကိုယ်ပွားဇာတ်​ကောင်​တွေ ကျန်​နေခဲ့မှာဖြစ်လို့ ဘာမှ ပြသနာမရှိပါဘူး"

နဥ်မုန့်က ချီယွိကို စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်း ရှင်းပြတယ်

တကယ်​တော့ ချီယွိ တိတ်ဆိတ်​နေ​လေ​လေ သူမကို ပိုပြီး ပြာယာခပ်စေ​လေ​လေပဲ

သူမသိထားတဲ့  ချီယွိရဲ့ငယ်ဘ၀အ​တွေ့အကြုံအရ  ဒီကမ္ဘာကို ထွက်သွားဖို့က မရိုးရှင်းမှန်း  နဥ်မုန့်သိတယ်
သူမက systemဖြစ်လို့ ချီယွိကိုယ်​တိုင်​တောင်မမှတ်မိတဲ့ တချို့​သော အမှတ်တရ​တွေကို​တောင် သိထားရတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ