unicode
"knock... knock ...."
တံခါးခေါက်သံအလွန်ကျယ်လောင်နေသောကြောင့်ပျိုပျိုတစ်ယောက်စိတ်ညစ်ရတော့သည်
တံခါးခေါက်သူမှာဘယ်သူမှန်းမသိပေမဲ့သူ့မကိုစိတ်အနှောက်အယှက်ပေးသောကြောင့်ဒေါသထွက်နေမှာခြင်းသာ...."ဟဲ့ မိပျို.. နင်ကလည်းတံခါးလာဖွင့်တာကြာလိုက်တာ"
"အော်...ဘယ်သူများလဲလို့... မလာစဖူးငါ့တိုက်ခန်းထိလိုက်လာလို့ပါလားမိသွန်း..."
ပျိုပျိုရဲ့ဒေါသတွေပျောက်သွားသည်အထိတံခါးလာခေါက်သူမှာသူမ၏အချစ်ဆုံးသူငယ်ချင်းသွန်းမေခပင်ဖြစ်သည်ပျိုပျိုသည်အေးဆေးနေတတ်သူတစ်ယောက်ဖြစ်ကာပန်းချီပညာမှာအလွန်ပါရမီပါသူတစ်ယောက်ဖြစ်သည်သွန်းမေခမှာသူမနဲ့ငယ်ငယ်ထဲကတူတူကြီးပျင်းလာသောငယ်ပေါင်းတစ်ယောက်ဖြစ်၏မိသွန်းဟာရည်မှန်းချက်လည်းမရှိသလိုအရမ်းသွက်လက်သူတစ်ဦးဖြစ်သည်.....
"ဟဲ့...မိပျိုနင်တောင်ပန်းချီပြခန်းမှာနင့်fanတွေကိုပထမဆုံးပွဲဦးထွက်လုပ်ပေးတော့မယ်ဆို...ဟုတ်လား..ပျိုပျိုမ..."
အဲ့အလုပ်ကိစ္စမှာပျိုစီစဥ်တာတောင်နည်းနည်းကြာနေပြီကိုအခုအချိန်မှလာမေးသောသူငယ်ချင်းမိသွန်းကိုဒေါသထွက်ကာထုမိလိုတော့သည်...
"တော်သေးတာပေါ့...မိသွန်းရေငါကငါပွဲပြီးတောင်နင်မသိတော့ဘူးထင်နေတာ...."
"ပျိုရယ်...ငါကအဲ့လိုဟုတ်ပါဘူးနင်ကလည်းနင်ပြောမှသိမှာကိုငါကနင့်ဖန်တွေpageမှာတင်မှငါသိရတာ အဲ့တာနင့်မကောင်းလို့...ဟွန့်..."
ဟုတ်တော့လည်းဟုတ်ပါတယ်လေပျိုမှာသူငယ်ချင်းဆိုလို့သူတစ်ယောက်ထဲရှိတာပျိုကပန်းချီဆွဲနေရင်အာရုံနောက်ရလွန်းလို့အဆက်အသွယ်ဖြတ်ထားမိတာပျို့အမှားပါလေဟူး....ခက်ပါတယ်...
"sorryပါသွန်းရယ်ငါလည်းအလုပ်ကိစ္စတွေရှုပ်နေတာနဲ့လေပွဲအတွက်လည်းစီစဥ်နေရတော့ငါမေ့သွားတယ်...."
"ပျို...ဒါနဲ့နင့်ပွဲကဘယ်နေ့လဲဟင်.."
"ရက်ကတော့နီးနေပြီဟ...၂၇ရက်နေ့လေဟ..."