မမသေချာလုပ်နေတာကိုပဲလိုက်ကြည့်မိနေတော့သည်ပျိုတစ်ကယ်မထင်ထားပါမမကအဲ့လောက်ထိလုပ်တတ်လိမ့်မယ်လို့မမလိုမျိုးသူဌေးသမီးတစ်ယောက်ကအခုဆိုCEOတစ်ယောက်တောက်ဖြစ်နေပြီလေ သူများကိုသာကြည့်ပြီးပြောနေတာပျိုဆိုရင်ကြက်ဥကြော်လောက်ပဲရတာများသောအားဖြင့်ဆိုခေါက်ဆွဲပဲစားဖြစ်တာ...အားကျမိတယ် မမကအစစအရာရာထူးချွန်သူလေးဖြစ်နေတော့...
"ဟိတ်...ကောင်မလေး ဘာတွေတွေးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး..."
"ဗိုက်ဆာနေပြီဆို...."
"ဟုတ်... "
"စားလို့ရပြီနော် မ ကိုပဲကြည့်မနေနဲ့အဆာလွန်နေမယ်စားတော့..."
"...."
ပျိုတစ်ယောက်ရှက်သွားကာမျက်နှာတောင်မမော့တော့ပဲခေါက်ဆွဲကိုသာငုံစားနေတော့သည်စားနေပုံလေးကတစ်ကယ့်ကိုကလေးတစ်ယောက်လိုဖြူစင်ပြီးချစ်ဖို့အရမ်းကောင်းနေတော့ မ ဘယ်လိုစိတ်ထိန်းရမလဲကွာ...
"ဖြည်းဖြည်းစားပါကွာ...ရေသောက်အုံး.."
"ရပါတယ်... "
လူကရှက်နေပါတယ်ဆိုစကားတွေလာပြောနေတယ်ကိုယ်ကသူ့ကိုကြည့်မိနေတာတော့အမှန်ပဲလေအဲ့တာကိုသိရင်လည်းတိတ်တိတ်မနေဘူးလူကိုအရှက်ရအောင်စကားထဲထည့်ပြောနေမှတော့ဘယ်သူ့ကခေါင်းမော့ရဲမှာလဲ...ဟွန့်..
"ပျို..."
"ရှင်..."
"ပျို...မ ကိုဘယ်တော့လောက်အဖြေပေးမလဲလို့စဥ်းစားထားလဲ..."
"မသိသေးဘူး... "
" မ ကမိန်းကလေးတွေကိုကြိုက်တဲ့သူတော့မဟုတ်ပါဘူးဒါပေမဲ့အဲထဲမှာမင်းလေးကချွင်းချက်ဖြစ်နေတာ မ ကမင်းအပေါ်မှာပဲရင်ခုန်တာ မ ပြောတာကိုနားလည်တဲ့မှတ်လား ဟင်...မ ကိုမသနားဘူးလားကွာ..."
ပြောနေပုံလေးကလည်းမမကလေလူကိုလာပြီးချွဲနေတယ်သူပြောသလိုပါပဲပျိုကလည်းမိန်းကလေးတွေမကြိုက်ပါဘူးမမမို့လို.သာပျို့ကရင်ခုန်နေတာမမပြောလိုက်သမျှကပျို့ရင်ကိုတစ်ကယ်ခုန်စေတာပါ...အဖြေကတော့အခုတောင်ပေးချင်မိတာ...ပျိုလည်းဘယ်လိုစဥ်းစားရမလဲ...