ပျိုလည်းအိမ်ရောက်တော့အပြင်သွားတဲ့ကိစ္စကိုစဥ်းမိပြီကျေနပ်နေမိတော့တယ်အဲ့ဆိုင်ကလူများလွန်းလို့ပျိုအရမ်းကြိုက်လို့သာသွားတာအခုတော့အဆင်ကိုပြေလို့သွန်းနဲ့သွားနေကျတောင်အဲ့အခန်းလေးကိုတစ်ခါမှမရောက်ဖူးသေးပါအဲ့အခန်းကလည်းရှိမနေဘူးလေ....မမထိပ်ထားကအဲ့လိုကျတော့လည်းသဘောကျချင်စရာပါသူနဲ့သွားရတဲ့ခံစားချက်ကသွန်းနဲ့သွားတာနဲ့မတူတဲ့ခံစားချက်လေးပျိုခံစားရနေသည်သူကြိုက်နေတာကိုသိလို့လားမသိသူနဲ့မျက်နှာချင်းဆိုင်ရင်ကိုကိုယ်ကရှက်နေပြီ....
အတွေးတွေရပ်မှပဲအလုပ်ကိစ္စရှိသေးတယ်လေပြခန်းကလည်းသူအကုန်စီစဥ်ပေးနေတော့အရင်လိုစိတ်မပျက်စေရပါဘူးတဲ့ကတိတွေလည်းပေးနေတော့ပျိုလည်းစိတ်ချလက်ချပဲပန်းချီဘက်ကိုပဲအာရုံထားရမယ်အရင်ပွဲတုန်းကထက်အခုပန်းချီတွေကိုပိုမိုလက်ရာမြှောက်အောင်fanတွေကိုချပြချင်မိတော့ပျိုလည်းပန်းချီကိုပဲအားရုံးစိုက်ပြီးသေချာဆွဲရတော့သည်...
"knock...... knock.."
စဆွဲတေယ်မယ်ဆိုအနှောက်အယှက်ကဝင်လာပြီအလုပ်ခန်းထဲဝင်ရင်ပြန်မထွက်ချင်တော့တာကြောင့်ဒေါသကထွက်လာပြီစိတ်တွေမရှည်တော့ဘူးဘယ်သူလဲမသိဘူး...
" hello ပျို နေကောင်းလား... မတွေ့ရတဲ့ရက်အတောအတွင်းငါ့ကိုလွမ်းနေတာလား..."
စလာထဲကစကားကိုကောင်းကောင်းမပြောဘူးမိသွန်းကိုအလုပ်မအားလို့မလာနိုင်ဘူးလို့ထင်ထားတာအခုတော့သူကအတွေးတောင်မစုံးသေးရောက်ချလာပါပြီ....
"ပြောင်ချော်ချော်နဲ့ရုပ်ကိုကနင်အလုပ်မအားဘူးလို့ငါကထင်နေတာ.."
"ပျိုရယ် ငါအလုပ်မအားပါဘူးနော် ငါအလုပ်တွေကြိုးစားနေတာ ငါကငါ့သူငယ်ချင်းပျိုလေးအထီးကျန်နေမှာစေးလို့ စေတနာနဲ့လာတာကိုနင်ကလေ..."
ဟုတ်တယ်ကိုယ်ကတော့သူတစ်ယောက်ထဲပျင်းနေမယ်ထင်ပြီမအားတဲ့ကြားကသူ့ဆီလာတာရောက်တာနဲ့အမောစို့စရာအိမ်ရှင်နဲ့လာတိုးနေတယ်..
"ဟုတ်ပါပြီ သွန်းရယ် ကျေးဇူးပါ.. "
"မလိုပါဘူး.. "