အပိုင်း၁၁
ကားမောင်းနေတာတောင်လူကိုလာလာကြည့်နေတယ်စိတ်မရှည်တော့ဘူးတိုက်ခန်းမှာတစ်ယောက်ထဲပျင်းနေလို့အပြင်သွားချင်လွန်းလို့သာလိုက်လာတာ...သူ့ကြည့်ပုံနဲ့သွန်းသာပါလာရင်တော့ပျိုသေချာပေါက်ရန်ဖြစ်မိမယ်ထင်တယ်...
"ပျို...မ နဲ့အပြင်လိုက်ရတာစိတ်အနှောက်အယှက်ဖြစ်လို့လား.."
ကားထဲကအေးစက်နေတဲ့လေထုကိုဖြိုခွင်းလိုက်တော့သည်အနားမှာပါလာပြီးတော့မျက်နှာလေးကလည်းဆူပုတ်ပုတ်လေးဖြစ်လို့တစ်ကယ့်ကလေးလေးလိုပါအနေအထိုင်အပြောအဆိုလေးကိုကထိပ်ထားရင်ထဲကိုစွဲသွားအောင်ချစ်ဖို့ကောင်းနေသူလေးပါ..
"ဟုတ်တယ်.. "
"မ ဘာများလုပ်မိလို့လဲ ပျို..."
"ပျို့ကိုကားမောင်းရင်းကြည့်နေတာကို..."
တစ်ကယ်ပါပြန်ဖြေပုံလေးကအသည်းယားစရာလေးထိပ်ထားကပျို့မျက်နှာလေးကြည့်နေရတာကိုတော်တော်သဘောကျနေလို့ပါကလေးလေးလိုချစ်ဖို့ကောင်းတဲ့ပျို့ကိုပိုင်ဆိုင်ချင်နေပါပြီသူသာငြင်းရင်တော့ထိပ်ထားတော့သွားပါပြီ..
"ဟုတ်ပါပြီကွာ... မ မကြည့်တော့ဘူးကားပဲမောင်းတော့မယ် ဟုတ်ပြီလား.. "
ပျိုပြန်မဖြေမိပါပျို့ဘာသာပဲကားအပြင်ဘက်ကိုသာကြည့်နေလိုက်တော့သည်မကြာပါပျိုကြိုက်တဲ့hot pot ဆိုင်ရှိတဲ့centerရှေ့ရောက်တော့ပျို့ကိုတစ်ချက်ကြည့်ပြီးပြုံးနေလေရဲ့ဘယ်လိုမှန်းကိုမသိဘူးသူကခဏခဏကြည့်နေတော့ပျိုရှက်တာပေါ့...
"ပျို...hot pot စားမယ်မလား.."
"ဟုတ်..."
"ok. သွားမယ်... "
hot potဆိုင်ရောက်တော့လူတွေကများချက်ပျိုတို့ဆိုင်ရှေ့လည်းရောက်ရောဆိုင်ထဲကဝိတ်တာမလေးကမမထိပ်ထားကိုရီပြပြီးအရှေ့ကလမ်းုပခေါ်သွားတော့ပျိုကကြောင်လို့မမထိပ်ထားကတော့ပျို့ကိုတစ်ချက်ပြုံးပြပြီးလိုက်ခဲ့ဖို့ခေါ်တော့ပျိုလည်းသူတို့နောက်ကလိုက်သွားတော့ဆိုင်ဘေးကအခန်းတစ်ခန်းလွတ်ဖက်လေးကိုရောက်တော့ပျိုအံသြသွားတော့သည်အခန်းလေးကိုချစ်စရာကောင်းအောင်ပြင်ထားပြီးနှစ်ယောက်ဝိုင်းလေးကချစ်စရာလေး.....