အပိုင်း၁၀(uni)

1.3K 118 1
                                    

ပျိုလည်းဘာပြောရမှန်းကိုမသိတော့ပါဘူးသူကပျို့ကိုချစ်တယ်ဆိုပါလားပျိုစဥ်းစားရင်းနဲ့ဘာမှန်းကိုမသိတော့ပါပျို့လက်ခံသင့်လား..အမှန်ဆိုသူနဲ့ပျိုကသိတာတောင်မကြာသေးပါသူ့ဘက်ကအဲ့လိုခံစားချက်မျိုးကိုပျိုဘယ်လိုယုံကြည်ရမှန်းမသိပါ..

"ပျို...ပျို..မ ပြောတာနားထောင်နေရဲ့လားဟင်.."

ဟုတ်သားပဲပျိုသူနဲ့ဖုန်းပြောရင်းတွေးလိုက်မိတာသူဘာပြောလဲတောင်မသိပါ..

"ဟင်...ဘာပြောလိုက်တာလဲ.. မကြားလိုက်ဘူး.. "

"မ..ပြောတာကိုပျိုဘယ်လိုဆုံးဖြတ်မှာလဲလို့ပါ..မ နားလည်ပါတယ်ပျို့အချိန်အတားအတာတစ်ခုထိစဥ်းစားပါမ ကပျိုပေးတဲ့ဘယ်အဖြေပဲဖြစ်ဖြစ်မ ကလက်ခံပေးမှာပါ.."

"ပျိုလည်းဘယ်လိုပြောရမှန်းတော့မသိသေးပါဘူး"

"ဟုတ်ပါပြီကွာ မ နားလည်ပါတယ်.. "

"ဟုတ်.. ဒါဆိုဖုန်းချလိုက်တော့မယ်.."

"ဟုတ်ပါပြီ... bye.."

ဖုန်းလေးဆီကဘာအသံမှပြန်မလာတာကြောင့်ထိပ်ထားလည်းဖုန်းလေးချပြီးအိပ်ယာပေါ်သာပစ်လှဲပြီးနေလိုက်တော့သည်ပျို့ကိုပြောတာစောသွားတာလား...မတတ်နိုင်ပါဘူးလေထိပ်ထားလည်းထိန်းထားတာပဲပျို့နဲ့တွေ့ရင်ကိုထိပ်ထားကဘာမှမထိန်းနိုင်တော့ဘူးပျိုနဲ့သာရင်းနှီးချင်တဲ့စိတ်တွေကသာဖြစ်နေတာပျိုပြန်ပေးမဲ့အဖြေကိုထိပ်ထားသိပ်တော့မတွေးထားချင်ပါသူ့ဘက်ကလက်ခံဖို့ခက်လောက်တယ်လေ...

ပျို့ကိုလည်းခံစားချက်တွေပြောပြီးပြီဆိုတော့နည်းနည်းတော့စိတ်သက်သာရတာပေါ့ပျိုလက်ခံလာဖို့သွန်းကိုအကူအညီတောင်းသင့်လား..သွန်းကရောထိပ်ထားကိုသူ့သူငယ်ချင်းနဲ့အဆင်ပြေအောင်ကူညီပါ့မလား..မစဥ်းစားတော့ဘူးစွန့်စားကြည့်မယ်..

ring... ring....

"hello... "

"သွန်း...မမပါ..စကားခဏလောက်ပြောလို့အဆင်ပြေမလား.."

"ဟုတ်မမ ရပါတယ်.. "

"မမ ကိုတစ်ခုလောက်ကူညီပါလား.."

"ဘာများလဲ.. ပြောပါရှင့်.. "

"မမကပျို့ကိုသဘောကျလို့သွန်းကူညီပေးနိုင်မလားအခုချိန်ကပျိုလည်းမမကိုလက်မခံသေးဘူးဆိုတော့လေမမကိုကူညီပါလား"

ပျို...(GL)Where stories live. Discover now