ထိပ်ထားလည်းအလုပ်ကိစ္စတွေရှုပ်နေတာနဲ့ပဲပှု့ဆီမရောက်ဖြစ်တာကြာပြီအရင်ကဆိုအလုပ်ကိုအာရုံသိပ်မစိုက်တတ်ပေမဲ့အခုတော့ကိုယ်ချစ်ရတဲ့သူလေးရဲ့ပွဲဆိုတော့ဂရုတစ်စိုက်ကိုယ်တိုင်သာဝင်လုပ်နေရတယ်ပျိုကိုနေ့တိုင်းသတိရပါတယ်သူကတော့သတိတောင်ရပါ့မလားပဲကိုယ့်ဘက်ကခံစားချက်ကိုဖွင့်ပြောပြီးတာတောင်ကိုယ့်ကိုပြန်အဖက်မလုပ်သောပျို့ကိုစိတ်ထဲတော့ဘဝက်မကျချင်တာ..ထိပ်ထားဘက်ကလည်းအတင်းမလုပ်ချင်ပါပျို့ဆီကခံစားချက်အမှန်ကိုသာလိုချင်သောကြောင့်သာစောင့်နေရတာပေါ့
ပြောလိုက်ရင်တော့ချစ်တယ်လေးဘာလေးညာလေးနဲ့အခုကျတော့လူကိုပစ်ထားတယ်ဖုန်းတောင်ဆက်ဖော်မရတဲ့အပြင်လူကိုယ်တိုင်လည်းမလာပါပျို့ရဲ့တိုက်ခန်းနေရာကိုသိတာတောင်အခုလိုပျို့ကိုပစ်ထားတာတော့မကြိုက်တာပျိုကငယ်ငယ်ထဲအပေါင်းအသင်းသိပ်မထားပါသွန်းတောင်မှငယ်ပေါင်းမို့လို့သာပျိုကအစွဲလမ်းကြီးတော့သူစိမ်းတွေနဲ့မပေါင်းဖြစ်ပါအဲ့အဒေါ်ကြီးကျမှဘာလို့စိတ်ထဲရောက်နေပါလိမ့်သတိတွေရနေတာသူကတော့မေ့နေလောက်တယ်...
"ပျို....ဘာတွေစဥ်းစားနေတာလဲ..."
"ပျို...ငါခေါ်နေတယ်လေ.."
"...ဟင်..."
မိပျိုဘာတွေအတွေးလွန်နေပါလိမ့်ခေါ်နေတာကိုမကြားဘူးသူပျင်းလို့သူ့တိုက်ခန်းမှာအဖော်ရအောင်နေပေးနေတာကိုသူကဘာဖြစ်နေပါလိမ့်အခုရက်ပိုင်းပျို့ကိုကြည့်ရတာအရင်လိုမဟုတ်
တစ်ခုခုကိုအတွေးလွန်နေတဲ့ပုံစံကိုအခုတစ်လောအဲ့ပုံစံလေးပဲမြင်နေရတယ်မေးကြည့်ရမယ်...မေးသာမေးရမှာပြန်ဖြေမယ်မထင်..."ခေါ်နေတာကြာပြီ...ဘာဖြစ်နေတာလဲ... "
"ငါကဘာဖြစ်နေလို့လဲ.."
"အံသြပ မိပျို...နင်ကဘာမှမဖြစ်ဘူး.."
သူပြောနေပုံကပဲမသိရင်ကိုယ်ကပဲသူ့ကိုဂရုမစိုက်သလိုလိုနဲ့ပြောနေတာတကယ်ဖြစ်နေတာကိုပြောလို့မှမရတာကို...တော်တော့်ကိုစပ်စုတယ်..
"အေ့ ဟုတ်တယ်... ဘာမှမဖြစ်ဘူး... "
Ring.....Ring...