အပိုင်း၇(uni)

1.4K 129 4
                                    

နေမင်းကြီးရဲ့အနွေးဓာတ်နဲ့သာယာလှပတဲ့မနက်ခင်းလေးကပျို့ကိုစီးကြိုလျက်မထချင်ပေမဲ့လည်းအလုပ်ကိစ္စကြောင့်ထရအုံးမယ်မြန်မြန်ထမှချိန်းထားတာနောက်ကျရင်ပျိုကိုအချိန်မလေးစားတဲ့သူလို့မသတ်မှတ်စေချင်ဘူးကားလမ်းကလည်းပိတ်အုံးမယ်ပျိုလည်းပြင်ဆင်ရအုံးမှာဆိုတော့စောစောထရတာပေါ့..
ပျိုလည်းရေမိုးချိုးပြီးပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအိမ်ကထွက်ခဲ့တော့တယ်ပျိုဘက်ကနောက်မကျချင်တာလည်းပါပါတယ်..

"မမ..ရုံးလာတာစောတယ်နော်.."

ကိုဖြိုးပြောမှပဲလက်ကနာရီကိုကြည့်မိတော့သည်ဟုတ်သားပဲအခုမှ၈ခွဲပဲရှိသေးတယ်ပျိုလာမယ်ဆိုတာနဲ့စိတ်ကလောနေတာနဲ့ပဲမနက်စာတောင်မစားပဲအိမ်ကထွက်လာတာအခုကကိုဖြိုးပြောမှပဲသတိဝင်တော့တယ်ထိပ်ထားဆိုသည်မှာလည်းပျိုဆိုတာနဲ့ကိုစိတ်ကမကပ်ချင်တော့ဘူးဘာဖြစ်ဖြစ်ပါထိပ်ထားဘက်ကပြင်ဆင်စရာရှိတာတော့ပြင်ဆင်ရအုံးမယ်လေအဲ့တာကြောင့်လည်းပါပါတယ်..

"ဟုတ်တယ်... မမလုပ်စရာလေးရှိလို့.."

"ဟုတ်ကဲ့မမ "

ထိပ်ထားလည်းကိုယ်တိုင်ဆွဲထားတဲ့ဒီဇိုင်းတွေကိုသေချာပြန်ကြည့်ပြီးအဆင်မပြေတဲ့နေရာလေးတွေပြန်ပြင်နေတာနဲ့အလုပ်ရှုပ်နေတာထိပ်ထားဘက်ကထပ်ပြီးအမှားမခံနိုင်တော့လို့လေထပ်မှားရင်ပျိုဆိုတဲ့မာနခဲလေးကဘယ်လောက်ထိကိုယ့်ကိုမုန်းသွားမလဲမသိအခုတောင်အခြေအနေကသိပ်မကောင်း...

*****************

ကားတွေကလည်းဘာလို့အဲ့လောက်ပိတ်နေရတာလဲပျိုနောက်မကျချင်ပါဘူးဆိုအခုတော့သွားပါပြီရောက်ခါနီးနေပြီကိုမရောက်နိုင်တော့ဘူးကားတွေကပိတ်နေတာစိတ်ကမရှည်ချင်တော့ဘူးဒေါသကထွက်လာပြီစိတ်တိုလည်းပျိုကဘာမှမတတ်နိုင်ဘူးလေကားရှင်းတာစောင့်ရုံကလဲဲပြီးတော့အချိန်နောက်မကျဖို့သာထိုင်စောင့်နေရတော့သည်SH Groupကလည်းဘာလို့ကားရှုပ်တဲ့နေရာမှာထောင်ထားပါလိမ့်..မဆိုင်လည်းပျိုတော့ဒေါသထွက်မိတော့သည်..လူစိတ်သိပ်ရှည်တာမဟုတ်ဘူး....

တော်သေးတာပေါ့SH Groupကိုနောက်ဆုံးတော့ရောက်ပြီSH Groupရဲ့အဆောက်အအုံ့ကကြီးလိုက်တာတော်တော်လေးလည်းခန့်နားလှသည်ဒီလိုဖြစ်လာဖို့သူတို့တော်တော်ကြိုးစားရမှာပဲအတွေးတို့ကိုရပ်ပြီးဒေါ်ခင်ထိပ်ထားစံရဲ့အတွင်းရေးမှူးဆီဖုန်းဆက်လိုက်တော့တယ်ပျိုရောက်ပြီဖြစ်ကြောင်းအသိပေးလိုက်တော့သည်မကြာမှာသူ့အတွင်းရေးမှုးမှပျို့ကိုလာခေါ်တော့သည်

ပျို...(GL)Where stories live. Discover now