"ပျို...လာငါတို့လူရှင်းတဲ့ဝိုင်းမှာသွားထိုင်ရအောင်.."
"ပျို..ဘယ်လိုလုပ်မလဲဝိုင်းကဟိုနားကအမတစ်ယောက်ဝိုင်းပဲလွတ်တော့တယ်နင်အဆင်ပြေပါ့မလား.."
"မပြေလို့ကောရလို့လား...သွားပါခဏနေရင်ပြန်မယ်.."
သွန်းထင်တာကပျိုငြင်းမယ်လို့ထင်တာမထင်ထားဘူးပျိုဖြေတဲ့အဖြေကိုဒါပေမဲ့လည်းတော်ပါသေးတယ်ပြသာနာမဖြစ်တော့ဘူးပေါ့ပျိုသာလက်မခံရင်သွန်းအားနာနာနဲ့ပြန်လာရမှာဟူး..
"ok..okခဏနေပြန်မယ်"
မကြာပါထိပ်ထားရှိတဲ့ဝိုင်းကိုပျိုနဲ့သူ့သူငယ်ချင်းရောက်လာသည်ပျို့မျက်နှာလေးကိုအနီးကပ်မြင်ရတော့ဆူပုတ်ပုတ်လေးမသိရင်ကိုယ်နဲ့ကရန်သူတွေလိုလိုနဲ့ထိပ်ထားကြည့်နေမှန်းသိတော့မျက်နှာကိုပိုတင်းထားလျက်ဝိုင်းကိုခွင့်တောင်းပြီးတူတူထိုင်မဲ့သူကမာနကြီးလိုက်တာ..တစ်ကယ်မလွန်ကျော...ထိပ်ထားဘဝမှာအခုလိုပုံစံနဲ့ဆက်ဆံတဲ့သူမျိုးမကြူံဖူးပါ..ပျိုကပထမဆုံးပဲ
"မမ...အနှောက်အယှက်မဖြစ်ရင်ဒီဝိုင်းမှာလာထိုင်လို့ရမလား.."
"မကတော့ပြသာနာမရှိပါဘူး..သွန်းသူငယ်ချင်းကရောထိုင်ချင်ရဲ့လားမေးကြည့်ပါအုံး.."
အမယ်သူကပဲပြောရတယ်ရှိသေးဘာလို့မပြေရမှာလဲကိုယ်ကအမှားလုပ်ထားတဲ့သူမဟုတ်ဘူးလေသူကသာပျို့ကိုအားနာရမှာ..ဘာတဲ့မတဲ့သူ့ကိုယ်သူနာမ်စားသုံးလိုက်တာ..နားထောင်လို့တော့ကောင်းသားပဲ..ပျိုကေနင်ဘာဖြစ်နေတာလဲနင့်အတွေးတွေကိုရပ်သင့်ပြီ..