နေရောင်ခြည်ရဲ့အလင်းရောင်ကြောင့်မနိုးချင်ပဲနိုးလာရတဲ့မနက်ခင်းလေးကပျော်စရာတွေစီးကြိုလို့နေတယ်လူးလိမ့်ပြီးထဖို့ပြင်နေတုန်းကြားလိုက်ရတဲ့အသံကြောင့်အငွေ့ပါပြန်ချင်သွားတော့သည်...
"morning ပါပီပေါက်စလေး...နိုးနေတာကိုထတော့လေ...အပျင်းကြီးနေတာလား..."
"ညကအိပ်ရောအိပ်ရဲ့လား"မ"
"ညကမအိပ်ချင်ဘူးဒီလောက်ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပစ်ပြီးဘယ်လိုလုပ်အိပ်လို့ပျော်ပါ့မလဲဗျာ.."
လူကရှက်နေပါဆိုဒီအဖွားကြီးကတော့တစ်ကယ်ပါပဲနေပါဦးသူကကြည့်နေတာဆိုတော့တော်တော်ရုပ်ဆိုးနေတာလားမသိဘူးမားမားရေကယ်ပါဦးရုပ်ဆိုးတာတွေမြင်ကုန်ပြီလားမသိဘူးဟွန့်....
"အလုပ်သွားဖို့မပြင်ဘူးလားနောက်ကျနေအုံးမယ်နော်.."
ဒီပါပီလေးရှက်နေလို့လူကိုအတင်းကိုနှင်ထုတ်နေတာအမှန်ဆိုကိုယ်ကအရင်နိုးနေတာပါ ပါပီလေးအိပ်နေတဲ့ပုံလေးကချစ်ဖို့ကောင်းလွန်းလို့မနည်းကိုစိတ်ထိန်းထားရတယ်...ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲကွာ...
"ဖြစ်နိုင်ရင်ပါပီမျက်နှာလေးရှေ့ကဘယ်မှမသွားချင်ဘူး...မတတ်နိုင်ဘူးလေဗျာ အလုပ်ကိစ္စကလည်းအရေးကြီးနေတော့ထရပါတော့မယ်ဗျာ..."
..................
"သွန်း...ငါတစ်ကယ်မပြန်ချင်ဘူး...ကူညီပါဟာ... နော်...နော်.."
"ငါစိတ်ရှည်တယ်နော်နင်တို့မြေးဖိုးနှစ်ယောက်ကြားမှာကြာရင်ငါလေးရည်းစားမရဘဲသေသွားအုံးမယ်..."
"သွန်းကလည်းနင်ဝိုင်းပြောရင်အဖိုးကယုံမှာပါဟာအခုငါကအိမ်မပြန်ချင်ဘူးဆိုတာကနင်သိတဲ့အတိုင်းပဲလေအဖိုးကငါ့ကိုချုပ်ချယ်တော့မှာဟ...လုပ်ပါဟာ..."
အော်ငါလည်းဘာမှမဆိုင်ဘဲစိတ်ရှည်ပညတယ်အဖိုးဖြစ်သူကလည်းမြေးလေးနဲ့တူတူနေချင်မြေးဖြစ်သူကလည်းလွတ်လပ်မှုကိုကြိုက်တော့ဒီမြေးဖိုးနှစ်ယောက်ကြားကြာရင်အသက်တိုမှာပဲ...ဟူး...
"ပျို...ဒီတစ်ခါတစ်ကယ်ကိုမကူညီနိုင်တာပါနင့်အဖေနဲ့မေမေတောင်အဖိုးကဆူထားတာနော်ပြီးတော့နင့်ကြောင့်ငါတောင်အဆူခံထားရတာ..."