ထိပ်ထားအိမ်ပြန်ရောက်လာထဲကဘာကိုမှမတွေးနိုင်ပါပျိုဆိုတဲ့နာမည်လေးကဘာလို့အဲ့လောက်စိတ်ကိုအဲ့လောက်စေစားနိုင်ရတာလဲထိပ်ထားကရောဘာလို့အဲ့နာမည်ကိုရောပိုင်ရှင်ကိုရောဘာလို့အဲ့လောက်စိတ်ဝင်စားနေရတာလဲ...
"ထိပ်ထား...ပြန်လာပြီလားသမီး.."
ကိ့်အတွေးလွန်နေတာနဲ့ဒယ်ဒီဘယ်ထဲကရောက်နေမှန်းကိုမသိတာ...
"ဟုတ်..ဒယ်ဒီ မွေးနေ့ပါတီလေးတစ်ခုသွားစရာရှိလို့ပါ.."
"အော်...ဒါဆိုလည်းပြင်ဆင်တော့လေ..."
"ဟုတ်.... ဒယ်ဒီ... "
အတွေးစတို့ကိုရပ်တာလုပ်ငန်းပါတနာသမီးတစ်ယောက်ရဲ့မွေးနေ့ကိုသွားရန်သာပြင်ဆင်ခဲ့သည်မွေးနေ့ဆိုတော့ဘာမှသိပ်မပြင်ဖြစ်ပါလွတ်လွတ်လပ်လပ်နဲ့ပေါ့ပေါ့ပါးသာဝတ်သားဖြစ်သည်..
"ပျို...ကူညီပါဟာ..နော်ငါ့ဖေဖေကအဲ့ပွဲကိုသွားစေချင်နေတာပြောရရင်ကွာငါ့ကိုလုပ်ငန်းနယ်ပယ်ထဲကိုဝင်စေချင်နေပြီပေါ့..အခုလိုအလေလိုက်မနေတော့ပဲတည်ငြိမ်စေချင်တာ....
"အဲ့တော့...ငါကဘာလုပ်ပေးရမှာမိသွန်း.."
"မိပျို..နင်နော်ငါကအကူအညီတောင်းတာကို..ငါ့ကိုမသနားဘူးလား.."
ဟုတ်ပါတယ်လေပျိုကအဲ့လိုပွဲတွေဆိုတက်လေ့မရှိပါသူ့ကအေးချမ်းပြီးတတည်ငြိမ်တဲ့နေရာမျိုးကိုသာသဘောကျသူဖြစ်သည်သို့ပေမဲ့လည်းမတတ်နိုင်ပါသွန်းကလည်းဖေဖေအမိန့်ကိုငြင်းမရသူ့စီးပွားရေးပါတနာတွေထဲကဖေဖေနဲ့ရင်းနှီးတဲ့အန်တီကေသီရဲ့သမီးမွေးနေ့ကိုအတင်းကိုသွားစေချင်နေသည်..သွန်းကလည်းအဖော်မရှိတော့ပျို့ကိုသာပူဆာနေရခြင်းသာ...
"သွန်း..နင်သိပါတယ်ဟာ..ငါကအဲ့လိုနေရာတွေကိုမကြိုက်မှန်း.."
"နောက်ဆုံး...တစ်ကယ်ပါဒါနောက်ဆုံးပဲအကူအညီတောင်းတာ...ပျိုငါ့ကိုနင်မချစ်တော့ဘူးလား...ဟွန့်.."
သိတယ်အဲ့အချိုးတွေချိုးတော့မယ်ဆိုတာမိသွန်းတို့ကတစ်ကယ့်မလွယ်ကျောလိုချင်တာရှိပြီဆိုရုပ်ကတစ်မျိုး..ပျိုအမှန်ဆိုအဲ့လိုနေရာတွေကိုတစ်ကယ်မလိုက်ချင်ပါ..အဲ့လိုတွေလိုက်ရမှာစေးလို့တောင်မေမေတို့နဲ့မနေပဲကိုယ်ပိုင်တိုက်ခန်းမှာသာနေခြင်းသာအခုဟာကငြင်းလို့လည်းမရပါဘူးလိုက်ရတော့မယ်...ဟူး..စိတ်ရှုပ်လိုက်တာ..