လူရှင်းတဲ့နေရာကဒီတစ်သက်ရောက်ပါ့အုံးမလားပျိုတစ်ကယ်စိတ်မရှည်တော့ပါလူကစားတာများသွားလို့ပင်ပန်းနေပါတယ်ဆိုလမ်းတွေအများကြီးလျောက်ခိုင်းနေတယ်စိတ်လေတယ်တစ်ကယ့်ပဲသူတို့တော့စကားတွေပြောပြီးလျှောက်လို့ရယ်မောလျက်ပျိုရှိတယ်တောင်မထင်ပါလား..
ပျို့ကြည့်ရတာပင်ပန်းနေသလိုပဲသူကသာကိုယ်ကြည့်နေတာသတိမထားမိတာကိုယ်ကတော့သူ့ကိုတစ်ချက်ချက်ခိုးပြီးကြည့်မိပါတယ်နှုတ်လေးကထော်လို့ပွစိပွစိတစ်ယောက်ထဲဘာတွေပြောနေလဲမသိကိုယ်ကစကားပြောချင်ပါတယ်သူကပြန်မပြောတော့ကိုယ်လည်းသွန်းနဲ့သာပြောမိနေတော့သည်သေချာတာကတော့သူပျင်းနေတာထင်တယ်...
"ပျို.."
"ရှင်.. "
ဘယ်သူခေါ်လဲဆိုတာရောသေချာသိရဲ့လားကလေးရယ်ပြန်ထူးတာလေးကအသည်းယားလိုက်တာ"ရှင်"တဲ့
"ပင်ပန်းနေပြီလား လမ်းလျှောက်ရတာ.."
"ဟုတ်တယ် ညောင်းနေပြီ ထပ်မလျှောက်ချင်တော့ဘူး.."
ပြန်ဖြေပုံလေးကလည်းဆူဆူပုတ်ပုတ်လေးသူတစ်ကယ်ပင်ပန်းနေတာဆိုတော့ပြန်လိုက်တာပဲကောင်းပါတယ်အိပ်ချင်အိပ်လို့ရသေးတာပေါ့
"ဒါဆိုလည်းပြန်ကြတော့မလား.."
"မမကိုအားနာစရာကြီးမိပျိုနင်ဟာလေတစ်ခါတစ်လေလမ်းလျှောက်ရတာကိုဘာဖြစ်နေတာလဲ.."
လာပြန်ပြီသွန်းမေခငါတစ်ကယ်စိတ်ဆိုးမိတော့မယ်သူငယ်ချင်းရင်းကြီးတစ်ယောက်လုံးမျက်နှာကျတော့မကြည့်ငါတစ်ကယ်ပင်ပန်းနေလို့ပါဟွန့်
"ဟို...ရပါတယ် မကိုအားနာစရာမလိုပါဘူးသူငယ်ချင်းဖြစ်သွားပြီပဲကို..ဟုတ်တယ်မို့လား ပျို.."
"အွန်း.."
"ညကျဖုန်းဆက်လို့ရမလား..ပျို. "
တွေ့ပြီးနေပြီကိုဘာတွေထပ်ပြောချင်လို့ဖုန်းကဆက်မှာလဲသူဆက်တော့လည်းပျိုမပျင်းရတော့ဘူးပေါ့လေဆက်ချင်ဆက်ပေါ့ဘာဖြစ်လဲ
"အွန်း.. "
"ဒါဆိုပြန်ကြစို့..မ လိုက်ပို့ပေးရမလား.. "