Home - 2

10K 795 39
                                    

(Unicode)

အစ်ကိုအသေးလေးက သူပြုတ်ပေးသည့် ကြာဇံပြုတ်ပူပူကို အလျင်အမြန်အာခံတွင်းထဲသို့ ထည့်နေ၏။ လျှာမကျက်ဘူးလားမသိ။ ဒီလို မိမိပြုတ်ပေးသည့်အရသာကို မြိန်ရေရှက်ရေ စားနေတာတွေ့ရတော့လည်း စိတ်ချမ်းသာရသည်။

" အစ်ကို မပူဘူးလား၊ ဖြည်းဖြည်းစားပါ"

သူ့ကို ပြန်ပြုံးပြပြီး စားကောင်းတယ်ဟု ဆိုလာသည်။

" ငါ ကျေးဇူးတင်ပါတယ်၊ အခုလို ငါ့ကို ကယ်လည်းကယ်ပေးတယ်၊ အစာလည်းကျွေးတယ်"

" မဟုတ်တာ လမ်းမပေါ်လဲကျသွားတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ဒီအတိုင်း ရပ်ကြည့်မနေပါဘူးဗျ၊ မြန်မာလူမျိုးအချင်းချင်းပဲ ကူညီရိုင်းပင်း ရမှာပေါ့"

" အင်းးး "

သော်တာချမ်းအေးအတွက် ဒီလို စိတ်သဘောထားဖြူစင်သည့် လူတစ်ယောက်နှင့်တွေ့ရတာ အမှန် ကံကောင်းခဲ့သည်။ သို့မဟုတ်လျှင် အခုချိန်လမ်းမပေါ်မှာ လဲကျပြီး အသက်တောင်ရှိတော့မည် မဟုတ်။

" အစ်ကိုက ကံကောင်းတာ အစ်ကိုလဲကျသွားတာကို ကြီးတော်က မြင်သွားလို့ ကျွန်တော့်ကို လှမ်းခေါ်တော့ ကျွန်တော်ကလည်း ဈေးရောင်းမလို့ ဆိုင်ခင်းနေတာဗျ၊ အဲ့တာနဲ့ ပြေးပွေ့ပြီး အိမ်ကို ခေါ်ခဲ့ရတာဗျာ"

" ဟို အဲ့တာဆို ငါ့ကြောင့် မိုးငြိမ်းဈေးရောင်းတာ ပျက်ခဲ့ရတာပေါ့နော် "

သူ့ကြောင့် မိမိဈေးရောင်းပျက်သွားတာကိုသိတော့ ချက်ချင်းမျက်နှာက ညှိုးကျသွားသည်။

" မပျက်ပါဘူး အစ်ကိုရဲ့၊ ကြီးတော်နဲ့ ထားခဲ့တာပဲ၊ ပျက်လည်း ဒီနေ့က တနင်္လာနေ့ကြီး အဲ့လောက်ရောင်းရတာ မဟုတ်ဘူး၊ စိတ်မကောင်းမဖြစ်နဲ့ "

" ဒါပေမဲ့ အားနာစရာတွေတော့ ဖြစ်ကုန်တယ်မဟုတ်လား"

လူလူချင်းကူညီရိုင်းပင်းခံရတာက အားနာစရာမှ မဟုတ်တာ။ အဲ့ဒီလောက်ထိ တစ်ဖက်သားအပေါ် အားနာတတ်ရန်ကော။

" ဒီမယ်အစ်ကို အစ်ကိုဆိုရင်ရော လမ်းမှာ လူတစ်ယောက်လဲကျနေရင် ဒီအတိုင်း ကျော်ခွသွားမလား ကဲ"

အိမ် {Completed}Where stories live. Discover now