Home - 1

27.4K 1K 31
                                    

(Unicode)

မိုးများ သဲကြီးမဲကြီး ရွာချနေသည့် လမ်းမပေါ်၌ လူသူကင်းရှင်းလို့ လမ်းသွားလမ်းလာဟူ၍လည်း မရှိ။ ထို့အပြင် သစ်ကိုင်းအခတ်အလတ်ငယ်တို့ကလည်း ကျိုးကျလျက် ရှိ၏။ သို့ရာတွင် ဆံပင်ဆံဖျားတို့မှတစ်ဆင့် စီးကျလာသော မိုးရေစက်များက သူ့အမြင်အာရုံကို ဝေ့ဝါးစေသည်။ ချမ်းအေးသည့် ဒဏ်ကြောင့် သော်တာချမ်းအေး၏ နှုတ်ခမ်းသားတို့ကား ပြာနှမ်းနေ၏။ မျက်လုံးအိမ်တို့မှာလည်း နီရဲလျက် ဦးတည်ချက်မရှိသော လမ်း၏အဆုံးကို ဒယီးဒယိုင်ဖြင့် ဆက်လျှောက်နေတော့သည်။ လက်ကဆွဲထားသော အဝတ်အစား၊ မိတ်ကပ်အစုံအလင်ပါသည့် အထုပ်ကြီးကလည်း မိုးရေတွေ စိုရွှဲလို့။ ဘယ်ဆီကို ဝင်ပြီး ဘယ်ဌာနသို့ လှမ်းရမည်မှန်း သူမသိ။

" မင်းလို သောက်ခြောက်တစ်ကောင်ကို မွေးထားရတာ ငါ သေမလောက်ရှက်တယ်"

" အဖေရယ် သားလည်း ဘယ်လိုလုပ် ဒီလို ဘဝမျိုးနဲ့ နေချင်ပါ့မလဲ"

ခန္ဓာကိုယ်ပေါ်သို့ ထပ်ဆင့်ကျလာသည့် ခါးပတ်မှ နာကျင်မှုများကို သူ့မှာ ဆက်လက်၍ ခံစားနိုင်စွမ်းမရှိ။

// အဖေရယ် ဆက်မရိုက်ပါနဲ့တော့၊ သားလည်း နာလှပြီမို့ //

( ဖြောင်း! ဖြောင်း! )

" ပြောစမ်း! မင်း ဒီလို ဆက်နွဲ့နေဦးမှာလား "

" သား မတတ်နိုင်ဘူး အဖေ ၊အချိန်တန်ရင် သားက နွဲ့နွဲ့နောင်းနောင်း နေမိတာပဲ၊ တခြားယောကျ်ားလေးတွေလို ယောကျ်ားချင်းရန်မဖြစ်မိတာ သားမှားလို့လား၊ ဘောလုံးမကန်တတ်တာကရော သားမှားလို့လား၊ ယောကျ်ားလေးတွေရဲ့ အထိအတွေ့ကို ရှက်မိတာကရော သားရဲ့ အမှားလား"

" အမလေး မင်းအစား ငါရှက်လို့ သေတော့မှာပဲ၊ လူကြားထဲမှာ ငါ့ကို အခြောက်ရဲ့ အဖေလို့ အခေါ်မခံနိုင်ဘူး၊ သွား သွား အခု မင်း ငါ့အိမ်ပေါ်က ဆင်း "

"မလုပ်ပါနဲ့ အဖေရယ်၊ သားကို ရိုက်ချင်သလောက်ရိုက်ပါ၊ ဒီလို မှောင်နေတဲ့ အချိန်ကြီး သားမထွက်သွားပါရစေနဲ့၊ သားကြောက်လို့ပါ "

" ဘာကြောက်တာလဲ၊ မင်း ယောကျ်ားတစ်ယောက်လို ကျားကျားယားယားဖြစ်ပြီဆိုမှ ငါ့အိမ်ပေါ် ပြန်တက်လာခဲ့၊ ဒါပဲ "

အိမ် {Completed}Tempat cerita menjadi hidup. Temukan sekarang