Home - 5

7.5K 612 7
                                    

(Unicode)

မိုးငြိမ်း ဈေးမှ ပြန်လာတော့ အစ်ကိုက အရီး၏အခန်းမှာ အရီးနှင့်အတူ ကနေတာ တွေ့လိုက်ရ၍ မိုးငြိမ်း၏မျက်လုံးတွေ ပြူးသွားသည်။

အကဲလေး အကဲလေး ဘယ်လိုများကဲနေတာလဲ~~~
တမင်ကစားချင်နေလို့ လိုက်စတာလား~~~

အမေတို့ခေတ်က သီချင်းကို တင်လေးလှုပ်ပြီး ကနေသည်။ အရီးက အတင်းကခိုင်းသည့်ပုံ မျက်နှာမချိုမချဥ်နှင့် လိုက်ကနေရှာသည်။ အနောက်က ကြည့်နေ တာ အသည်းတယားယား၊ ဒီလိုကနေတာ ဘယ်သူတွေများ မြင်ပြီးသွားပြီလဲမသိ။ ထို့ကြောင့် မိုးငြိမ်းလည်း ဒေါသထွက်ပြီး TVကို သွားပိတ်ချလိုက်သည်။

" ဟင် မိုးငြိမ်း"

အရီးကလည်း မိုးငြိမ်းကို မြင်တော့ လန့်သွားသည်။ အစ်ကိုကတော့ အားကိုးရသွားတော့ ပျော်သွားရှာ၏။

" အရီး အစ်ကိုက ယောကျ်ားလေးနော်၊ ဘာလို့ အဲ့လိုတွေ ကခိုင်းနေတာလဲ"

" ဟို ငါလည်း ပျင်းလို့ပေါ့"

" အစ်ကိုက အရီး အပျင်းပြေဆော့ရမဲ့ အရုပ်မဟုတ်ဘူး၊ ဖျော်ဖြေခိုင်းရအောင် အစ်ကိုက နတ်ကတော်လည်း မဟုတ်ဘူး!"

မိုးငြိမ်းမှာ ပြောနေရင်း အတော်ဒေါသထွက်မိသည်။ အစ်ကို့ကို စနောက်စရာအရုပ်တစ်ခုလို အသုံးချနေတာ သူ လက်မခံနိုင်ပါ။

" မိုးငြိမ်းရယ် ငါလည်း အဲ့လိုသဘောမျိုးတော့ မဟုတ်ပါဘူး၊ ဒီအတိုင်း"

" တော်ပြီ နောက်တစ်ခါ အစ်ကို့ကို အရီးလက်ထဲ မအပ်တော့ဘူး၊ အစ်ကို့ရဲ့ ပင်ကိုယ်အားနည်းတဲ့ စိတ်ကို အရင်းခံပြီး အရီးတို့ရဲ့ အပျော်အရုပ်တစ်ခုလို အသုံးမချပါနဲ့"

မိုးငြိမ်းလည်း အစ်ကို့၏လက်ကို ဆတ်ခနဲ လှမ်းဆွဲ၍ ခေါ်ထုတ်သွားလိုက်သည်။ အစ်ကိုကတော့ ငြိမ်ကုပ်လျက် ပါလာသည်။

" မိုးငြိမ်း ဘာလို့ အရီးကို အဲ့လိုကြီးပြန်ပြောလိုက်ရတာလဲ"

" ဘာလို့လဲ ဟုတ်လား၊ အစ်ကို့ကို အဲ့လိုကခိုင်းလို့လေ"

" ငါအဆင်ပြေပါတယ်"

" ဘာကို အဆင်ပြေတာလဲ၊ အစ်ကို့ပုံစံကိုလည်း ပြန်ကြည့်ပါဦး၊ အစကတည်းက ကနွဲ့ကလျလေးမို့ လူတွေက စနောက်ချင်ရတဲ့အထဲ အဲ့လို ကပြနေတော့ ဟာ တောက်! "

အိမ် {Completed}Where stories live. Discover now