Home - 3

8.3K 707 8
                                    

(Unicode)

ညစာစားချိန်၌ ကြီးတော်တို့အခန်းမှာပဲ သွားစားဖြစ်၏။ ကိုယ်တိုင်က ထမင်း၊ဟင်းတွေ ဘာတွေမချက်တတ်တော့ ကြီးတော်ချက်ပေးတာသာ စားနေကြမို့။ အစ်မကလည်း ပြန်ရောက်နေပြီဖြစ်၍ ထမင်းစားဝိုင်း၌ အစ်ကို့ကို အကဲခတ်နေသည်။

" မောင်လေး အစ်မနာမည်က မေသူ"

" ဟုတ်ကဲ့ ကျွန်တော့်နာမည်က သော်တာချမ်းအေးပါ"

" မောင်လေး ဒီဟင်းတွေ စားရတာ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ပြေပါတယ်"

ပြေတယ်သာပြောနေသည့် အစ်ကို့ကို အစားနည်းလိုက်တာဟု မိုးငြိမ်း တွေးနေမိသည်။

" ဟယ် စားနေကြပြီလားတော့၊ ကျုပ်က ကလေးအတွက် ငါးကြင်းဆီပြန်လေးလာပေးတာ"

" အရီးရယ် ဒုက္ခရှာလို့၊ ကျွန်မတို့ကျွေးတာတောင် ကလေးက နည်းနည်းပဲ စားနိုင်တယ်"

" ဟယ် ဟုတ်လား၊ ကလေးထမင်းစားနေတာလည်း နည်းနည်းလေး၊ ဝရော ဝရဲ့လား"

" ဟုတ် ဝပါတယ်"

" အဲ့ကြောင့် ဒီလိုပိန်ပိန်သေးသေးလေးဖြစ်နေတာ နေမယ်"

" ဟာ အရီးကလည်း ဟင်းပေးပြီးရင်လည်း ပြန်တော့၊ အစ်ကို့ကို ဘာတွေလျှောက်ပြောနေတာလဲ"

" မိုးငြိမ်း ငါရပါတယ်"

" မိုးငြိမ်းတို့များ သူ့ဟာလေးကို သည်းကဲနေလိုက်တာတော်၊ ကျုပ်ပြန်ပါ့မယ်"

" ဒီအရီးကတော့"

အားလုံးထမင်းစားလို့ ပြီးသွားတော့ သူတို့အခန်းပြန်ကြသည်။ အခန်းထဲရောက်တော့ မိုးငြိမ်းမှာ မနေနိုင်၊ မေးမိသည်။

" အစ်ကို ထမင်းစားလို့ အဆင်မပြေဘူးမလား"

" ဟမ် ပြေပါတယ်"

" ဟန်ဆောင်နေစရာ မလိုဘူး အစ်ကို"

" မိုးငြိမ်းက ဘယ်လိုထင်လို့လဲ၊ ငါက အိမ်မှာလည်း နည်းနည်းပဲ စားနိုင်တာမို့လေ"

" ထားလိုက်ပါတော့ ကျွန်တော်ကသာ တွေးပူနေတာပါ"

" အာ... ငါ ဟန်မဆောင်တတ်ပါဘူး၊ ငါစားလို့ တကယ်အဆင်ပြေတာမို့ပါ"

အိမ် {Completed}Where stories live. Discover now