Home - 11

6.8K 525 1
                                    

(Unicode)

အစ်ကို့ကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရမည်ကိုလည်း စိတ်မချ၊ ဟိုလူနှင့် ထပ်တွေ့မည်ကိုလည်း မိုးငြိမ်း စိုးရိမ်မိသည်။ ထို့ကြောင့် အစ်ကို့အနားနေချင်၍ အကြောင်းပြချက်ကောင်းတစ်ခုကို ရှာရသည်။ ထို့နောက် နေမကောင်းသည့်ဟန်ဆောင်၍ ဈေးသွားမရောင်းဘဲ အစ်ကို့ကိုသာ အရိပ်တကြည့်ကြည့် လုပ်နေလိုက်သည်။

အစ်ကိုကတော့ သူတကယ်နေမကောင်းဖြစ်နေသည်အထင်နှင့် သူ့အနားကပင် မခွာ။ လေစိမ်းတိုက်မည်စိုးသည်ဟု ဆိုကာ အခန်းထဲမှလည်း ပေးမထွက်တော့ပေ။ ထို့အပြင် သူ့အနား၌ တကုပ်ကုပ်ဖြင့် သူ့ခြေဖျားတွေကို လှမ်းကိုင်လိုက်၊ နဖူးပေါ်ကို လက်လာတင်လိုက်နှင့် ပျာယီးပျာယာဖြစ်နေပုံကား ချုပ်နှောင်ပြီး ထွေးပွေ့ပစ်လိုက်ချင်သည်အထိ ချစ်ဖို့ကောင်းလွန်း၏။

အခန်းပြင်ဘက်ရှိ လေ​ပြည်လေညင်းလေးများက သူ လဲလျောင်းနေရာထံသို့ တပျပျ တိုက်ခတ်တိုးဝင်လာသည့်အခါ၌လည်း တံခါးရွက်များအား အပြေးအလွှားလေး ထပိတ်သေးသည်။

" လေ အရမ်းတိုက်တာပဲ၊ လေစိမ်းတွေကြောင့် မိုးငြိမ်း ပိုဖျားလိမ့်မယ်"

" ကျွန်တော်သက်သာပါတယ်"

အလုံပိတ်ထားသော အခန်းငယ်က မိုးငြိမ်း၏စိတ်တွေကို ကစဥ့်ကလျား ဖြစ်စေသည်။ ထိုအချိန်တွင် အစ်ကို့လက်ချောင်းဖောင်းဖောင်းလေးတွေမှာလည်း တစ်ခုနှင့်တစ်ခု လိမ်ယှက်လျက်။ အစ်ကို့မျက်ဝန်းငယ်လေးတွေက ရင်းနှီးပြီးသား အခန်းနံရံတွေကိုပင် တောင်ငေးမြောက်ငေး လုပ်နေလေသည်။

ထိုအချိန်က မိုးငြိမ်းအတွက် အခွင့်ကောင်းဖြစ်ပြီး အစ်ကို့ကို ဆုံးရှုံးရမည်စိုးသည့် စိိတ်က သူ့ရင်ထဲကို ပူလောင်စေသည်။ ထို့ကြောင့် မိုးငြိမ်းလည်း ချက်ချင်းထထိုင်လိုက်ပြီး လှုပ်ရှားနေသော အစ်ကို့လက်ဖောင်းလေးတွေကို ကတမ်းကရမ်း ဆွဲယူဆုပ်ကိုင်၍ သူ့ရင်ဘတ်မှာ ကပ်လိုက်မိ၏။

"အာ..."

ထိုအခါ အစ်ကို့နှုတ်ခမ်းတွေ ပွင့်ဟလျက် မိုးငြိမ်းရင်ဘတ်ပေါ်ရှိ သူ့လက်တွေကို လွှတ်ပေးပါရန် ရုန်းလေသည်။ သို့ပေမဲ့ မိုးငြိမ်းကလည်း ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်ပြီးသားမို့ မဝံ့မရဲဖြင့် မလွှတ်ပေးဘဲ နေလေသည်။

အိမ် {Completed}Where stories live. Discover now