Home - 16

6.3K 514 6
                                    

(Unicode)

သော်တာချမ်းအေးသည် သူတို့နှစ်ယောက်ကို ကြီးတော်က သဘောတူလိုက်ပြီဟု မိုးငြိမ်းက ပြောလာတော့ ယုံတောင်မယုံနိုင်။ မိုးငြိမ်းက မည်သို့ခွင့်တောင်းခဲ့သလဲဟု သူ သိချင်လှသည်။ သို့သော် ထိုကိစ္စက အရေးမကြီး၊ အရေးကြီးတာက သူ လက်ထပ်ရမည်ဆိုလျှင် အရင်ဦးဆုံး သူ့အဖေကို အသိပေးရဦးမည်။ အဖေ့ကို အသိမပေးဘဲ ကိုယ်လုပ်ချင်ရာ တစ်ဇွတ်ထိုးလုပ်လိုက်ပါက မိဘကို မျက်ကွယ်ပြုရာရောက်ပြီး ရိုင်းရာကြမည်။ သို့ပေမဲ့ သူ့အဖေ၏စိတ်ကို သူအသိဆုံး။ လွယ်လွယ်နှင့်လက်ခံလိမ့်မည် မဟုတ်သလို လုံးဝငြင်းလွှတ်လိမ့်မည်။

" မိုးငြိမ်း"

" ပြောလေ အစ်ကို"

" ငါ ငါ့အဖေ့ကို အသိပေးသင့်တယ်လို့ မင်းထင်လား"

မိုးငြိမ်းလည်း ခဏတာတော့ တွေဝေသွားမိသည်။ သူက အစ်ကို့ဘက်ကို အများကြီးတွေးပေးထားပေမဲ့ ထိုမျှက မလုံလောက်ပေ။ အရေးအကြီးဆုံးအချက်ကို သူမေ့ထားမိသည်။

" အစ်ကို့အဖေက လက်ခံနိုင်လောက်လား"

" ဟင့်အင်း မသေချာဘူး၊ မသေချာဘူးဆိုတာထက် လက်မခံနိုင်လောက်ဘူး"

" အစ်ကို့မင်္ဂလာပွဲမှာ အစ်ကို့အဖေကို တကယ် ရှိစေချင်တာလား"

" အာ...အသိပေးရုံလောက်ပါပဲ"

" သေချာလို့လား၊ ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောပါ"

သော်တာချမ်းအေးလည်း မျက်နှာမကောင်း ဖြစ်သွားမိသည်။ သူ့နှုတ်မှ မလိုအပ်ဘူးဟု ပြောနေသည့်တိုင် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတွင်တော့ သူ့မင်္ဂလာပွဲ၌ သူ့ဖခင်ကို ရှိစေချင်မိသည်။ သို့ပေမဲ့ ထိုကိစ္စတွေက မည်သို့မျှ မဖြစ်နိုင်၊ စိတ်ကူးယဥ်ရုံသက်သက်သာ။

" ဟုတ်ပါပြီ၊ စိတ်ညစ်စရာတွေ တွေးမနေပါနဲ့တော့၊ အစ်ကို့စိတ်တိုင်းကျ ဖြစ်လာစေရမယ်"

အစ်ကိုကတော့ သူ့ရင်ခွင်ထဲသို့ တိုး၍ ဝင်လာတော့သည်။ အစ်ကို့ရင်ထဲက စိုးထိတ်မှုတွေကို သူမြင်နေရပေမဲ့ သူ့ရင်ထဲက ပူလောင်မှုတွေကိုတော့ အစ်ကို့ကို ပေးမမြင်နိုင်ပေ။

အိမ် {Completed}Donde viven las historias. Descúbrelo ahora