Home - 13

7K 516 0
                                    

(Unicode)

အစ်ကိုနှင့် ကျောတစ်ခင်းတည်း အိပ်ရသည်က သိပ်တော့မလွယ်ကူလှချေ။ လိုက်ကာစလေး ခြားထားရုံမျှဖြင့် မိုးငြိမ်း၏ စိတ်တွေကို ချုပ်ထိန်းမထားနိုင်ပါ။ ကိုယ့်ချစ်သူက ယောကျ်ားလေးတစ်ယောက်ပင် ဖြစ်စေဦးတော့ စည်းလွတ်ဝါးလွတ်ပြုမူရခြင်းကား မိမိတန်ဖိုးကို မိမိနှိမ့်ချသည်ဟု မိုးငြိမ်းခံယူထားသည်။ သို့ရာတွင် ချစ်သူရည်းစားဖြစ်ခါစမို့ အနည်းငယ်အနေခက်ရုံမျှဟု ထင်မှတ်မိသော်ငှား ရက်အတန်ကြာလာလေ၊ ပိုဆိုးလေဖြစ်၏။

" မိုးငြိမ်း ဘယ်လဲဟင်"

" ဟိုဘက်လမ်းမှာ ဘောလုံးသွားကန်သွားမလို့၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်"

" ငါရော ငါလည်း..."

"ဟာ... မဖြစ်ပါဘူး၊ အစ်ကို့ကို ဟိုတစ်ခါ စလိုက်တဲ့ ကောင်လေးတွေနဲ့မို့"

" လိုက်လို့ မရဘူးပေါ့၊ ဒါဆို ငါအိမ်မှာ တစ်ယောက်တည်း နေခဲ့ရမှာပေါ့"

အစ်ကိုသည် ချက်ချင်းငြိမ်ကျသွားပြီး အိမ်ထဲသို့ ပြန်ဝင်ရန် ခြေလှမ်းပြင်တော့၏။

" နေဦး"

" ဟင်"

ဘာလဲဟူသည့် သဘောဖြင့် ကိုယ်လုံးလေးက သူ့ဘက်သို့ ပြန်လှည့်လာသည်။

" ကျွန်တော် မှားသွားပါတယ်၊ အစ်ကိုသွားချင်တဲ့ နေရာကို အစ်ကိုသွားခွင့်ရှိပါတယ်၊ ကာကွယ်ပေးရမှာ ကျွန်တော့်အလုပ်ပါ လိုက်ခဲ့"

" တကယ်လား"

" အင်း"

ယခုကျတော့လည်း ချက်ချင်းပြုံးရွှင်သွားပြီး သူ့လက်မောင်းကို လှမ်းချိတ်သည်။

" မဟုတ်သေးဘူး"

အစ်ကို့မျက်နှာရိပ်မျက်နှာချည်သည် တစ်ခဏလေးအတွင်း ထိုသို့ ပြောင်းလဲနိုင်လေသလား။ ချက်ချင်းတည်တံ့သွားပြီး သူ့လက်ကို ချိတ်ထားရာမှလည်း ဖြုတ်၍ သူ့ဘေး၌ ယှဥ်ကာ လာရပ်သည်။

" ဘာလို့လဲဗျ"

" ငါ့ကြောင့် မိုးငြိမ်းကို သူတို့ တစ်မျိုးမြင်သွားလိမ့်မယ်၊ ငါတို့ ဒီအတိုင်းပဲ သွားရအောင်"

အိမ် {Completed}Where stories live. Discover now