Home - 8

6.7K 554 4
                                    

(Unicode)

မိုးငြိမ်း၌ ချစ်သူရှိနေပြီဟု ကြားပြီးကတည်းက သူလည်း မိုးငြိမ်းအနားမှ ခပ်ခွာခွာ နေမိသည်။ မိုးငြိမ်းအပေါ် မရိုးသားသည့် စိတ်များကိုလည်း အတတ်နိုင်ဆုံး မျိုသိပ်ထားလိုက်ပြီး မိုးငြိမ်း၏ချစ်ရသူအကြောင်းကိုသာ စပ်စုနေမိသည်။

" အစ်ကို ဘာတွေတွေးနေတာလဲ၊ မနေ့ကတည်းက မျက်နှာလည်း မကောင်းဘူး"

" ငါ အဆင်ပြေပါတယ်၊ ဘာမှ မတွေးပါဘူး"

မိုးငြိမ်းဟာ ဈေးရောင်းနေရင်း ဘေးက အစ်ကို့ကို အကဲခတ်နေတာ ကြာပြီ။ အစ်ကိုသည် မနေ့ညနေကတည်းက ထမင်းလည်း နည်းနည်းပဲစားပြီး သူနှင့်လည်း စကားသိပ်မပြောပါ။ အစ်ကို ငိုင်နေပြီဆိုလျှင် သူ့အတွေးတွေကလည်း တောင်ရောက်မြောက်ရောက်။ အစ်ကိုက သူ့အိမ်ကိုများ လွမ်းနေလို့လား။ သူ့အဖေကိုများ လွမ်းနေသလား။ သူ့ချစ်ဦးသူအကြောင်းကိုပဲ တွေးနေသည်လား။

" အစ်မရေ သခွားသီးလေးတွေ ဒီတစ်ခေါက် အလုံးလှလေးတွေ ပါလာတယ်၊ ကျွန်မတို့ခြံထွက်နော်၊ ဒီဘက်က အကြွပ်သီးလေးတွေလည်း ခြံထွက်ပဲ"

" ကြီးတော်ရေ ဒူးရင်းသီးကရော ကြီးတော်တို့ ခြံထွက်ပဲလား"

" အေး အကုန် ငါ့ခြံထွက်ပဲ"

"ဟားဟားဟား "

စျေးသူစျေးသားအချင်းချင်း စနောက်နေကြသံများနှင့် စျေးတန်းကြီးသည်ကား ဆူညံလျက်။ ကြီးတော်ကတော့ ဘာရောင်းရောင်း သူ့ ခြံထွက်ဆိုတာချည်းပဲ အော်နေသည်။ တကယ်က သူ့မှာ မည်သည့်စိုက်ပျိုးရေးခြံဟူ၍မျှ မရှိ။ ခြံထွက်ဆိုတာနှင့် ဘာဘာညာညာမစဥ်းစားတော့ဘဲ ဝယ်ယူဖို့သာ စဥ်းစားတတ်ကြသည့် လူတွေကြောင့် သူ့၏ စျေးဗန်းခင်းခြင်းဟာ အောင်မြင်လျက် ရှိသည်။ ထို့ကြောင့် သူ့အနားက ဈေးသည်တွေကလည်း သူတစ်ခါအော်ရောင်းတိုင်း ဝိုင်းစနောက်ကြသည်။ ထိုအခါ မိုးငြိမ်းလည်း ကိုယ့်ကြီးတော်ကိုယ် ပြန်စနောက်ရန် ပြင်တော့သည်။

" ကြီးတော်ကလည်းနော် လယ်တစ်ကွက်သာ ရှိပေလို့ပဲ၊ နှစ်ကွက်သုံးကွက်များသာဆို မြန်မာတစ်နိုင်ငံလုံးက ဟင်းသီးဟင်းရွက်တွေ အကုန်လုံး ကြီးတော်ရဲ့ခြံထွက်ပဲ ဖြစ်နေတော့မှာ"

အိမ် {Completed}Where stories live. Discover now