Home - 4

8K 681 27
                                    

(Unicode)

အစ်ကို့ကို ရေချိုးသည့် နေရာဆီ တစ်ယောက်တည်းလွှတ်ဖို့ စိတ်မချ၍ မိုးငြိမ်းမှာ လိုက်သွားရသည်။ အစ်ကိုက ရေလဲပုဆိုးနှင့် အပေါ်က မျက်နှာသုတ်ပဝါကို ခြုံထားသေးသည်။ ရေချိုးသည့် အုတ်ကန်နားအရောက် တခြားလူများကလည်း ချိုးနေကြသည်။ ယောကျ်ားလေး ငါးယောက်လောက် ချိုးနေကြ၍ သူတို့၏ မျက်နှာချင်းဆိုင်ဘက်မှာ အစ်ကို့ကို ချိုးခိုင်းရသည်။

" အစ်ကို ချိုးလေ"

အစ်ကိုက မိုးငြိမ်းကို လှမ်းကြည့်နေသည်။ တခြားကောင်လေးများကလည်း အစ်ကို့ကို ဒီနေ့မှ စတွေ့ဖူး၍ အကဲခတ်သလို ကြည့်နေကြသည်။ ထိုအခါ အစ်ကိုက တဘက်ကို မဖယ်သေးဘဲ ရပ်နေ၍ အရှေ့က လူတွေကိုလည်း မကြည့်ဘဲ ခေါင်းငုံ့နေ၏။ မိုးငြိမ်းသေချာကြည့်လိုက်တော့ အစ်ကို့နားရွက်ဖျားလေးတွေက ရဲနေသည်။ အစ်ကိုက သူစိမ်းယောကျ်ားလေးတွေ ရှေ့မှာ ရေချိုးရမှာကို ရှက်နေပုံပဲ။

" မိုးငြိမ်း ဒီကလေးလေးက ဘယ်ကလဲ"

" ဪ ငါ့အစ်ကို"

"အာ...အစ်ကိုဆိုတော့ ငါတို့ထက်လည်း ကြီးမှာပေါ့၊ မင်းရဲ့အစ်ကိုက နုနုဖက်ဖက်လေး ကြည့်ဦး၊ မင်းလို လူကြမ်းရုပ်လည်း မဟုတ်ဘူး"

" ဟျောင့်! မစနဲ့၊ မင်းတို့ မြန်မြန်ချိုးပြီး သွားတော့၊ အစ်ကို ရေချိုးမို့"

" ဟင် နေရာလွတ်တွေ အများကြီးကို ချိုးပေါ့ ဘာလဲ မင်းရဲ့ အစ်ကိုက...၊ယောကျ်ားလေးမဟုတ်ဘဲ...၊မိန်းကလေးများ ဖြစ်နေလို့လား"

" ဟျောင့်တွေ!"

" ဟားဟား စတာပါ၊ မင်းရဲ့အစ်ကိုက တဘက်ကြီးခြုံထားတာကိုကွ"

ဒီကောင်တွေ အစအနောက် သန်ပုံနှင့် အစ်ကိုက မနေတတ်မထိုင်တတ်တွေ ဖြစ်နေပြီ။ သို့ပေမဲ့ သူတို့ကလည်း မိုးငြိမ်း၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ထထိုးနိုင်ချေရှိ၍ မြန်မြန်ချိုးပြီး ထွက်သွားကြတော့သည်။

" သူတို့သွားပြီ၊ အစ်ကို ချိုးတော့"

" အင်း"

သို့ဖြစ်၍ အစ်ကိုက သူ့ရင်ဘတ်ပေါ်ရှိ တဘက်ကို ဖယ်လိုက်သည်။ မြင်ဖူးပြီးသား စိမ်းစိမ်းဥဥ အသားအရည်လေးပေမဲ့ မိုးငြိမ်း အမြင်မသင့်ဟု သတ်မှတ်၍ မျက်နှာလွှဲလိုက်မိ၏။ တကယ်ဆိုလျှင် အစ်ကိုရောက်လာသည့်နေ့ကတည်းက အိပ်ပျော်နေစဥ် အဝတ်အစား လဲပေးနေတုန်း ခန္ဓာကိုယ်တစ်ခုလုံးကို အလွတ်မှတ်မိလောက်သည်အထိ ကြည့်ထားပြီးပြီ။ ကြည့်လေကြည့်လေ ကြည့်မဝနိုင်အောင် လှနေသောကြောင့် ကြည့်ကောင်းကောင်းဖြင့် ထိုင်ကြည့်ခဲ့ပြီးပြီ။ တစ်သက်နှင့်တစ်ကိုယ် မိန်းမလှတွေတောင် ဒီလောက် မငေးဖူးပေမဲ့ အစ်ကို့ခန္ဓာကိုယ်ကိုတော့ အချိန်အတော်ကြာ ငေးကြည့်ခဲ့မိ၏။ ထို့ကြောင့် အစ်ကို့ကို ပြန်အားနာရသည်။ အစ်ကို့မျက်နှာမြင်တိုင်း ထိုနေ့က အစ်ကို့ခန္ဓာကိုယ်လေးကို မျက်လုံးထဲ ပြန်မြင်ယောင်လာသည်။ မိုးငြိမ်း၏ စိတ်အာရုံထဲမှာ အစ်ကို့၏ အဝတ်ကင်းမဲ့နေသော ဖြူဖြူဥဥအသားအရည်လေးရယ်၊ သွေးကြောစိမ်းလေးတွေ ဖြတ်သန်းစီးဆင်းနေသည့် ခန္ဓာကိုယ်က ကြီးစိုးနေ၏။

အိမ် {Completed}Tahanan ng mga kuwento. Tumuklas ngayon