Home - 12

7.1K 524 3
                                    

(Unicode)

မိုးငြိမ်းသည် ကိုယ့်အပြစ်နှင့်ကိုယ်မို့ အစ်ကို့အနားမကပ်ဘဲ ဝေးဝေးရှောင်နေရသည်။ ဈေးရောင်းသွား၊ ဈေးရောင်းပြန်လည်း အစ်ကို့ကို အိမ်မှာ တစ်ယောက်တည်းချန်ထားခဲ့ပြီး ထမင်းစားချိန်၌ပင် အတူတူမစားရဲတော့ပါ။ ညဘက်ဆိုလျှင်လည်း အစ်ကိုအိပ်ပျော်လောက်ချိန်မှ အခန်းကို ပြန်လာလေ့ရှိသည်။

သော်တာချမ်းအေးခမျာ မိုးငြိမ်းက ရည်းစားစကားပြောပြီး အရင်ရှောင်နေလေတော့ သူလည်း ဆက်မမူနိုင်ဖြစ်နေလေပြီ။ စကားပြောဖို့ရာလည်း မိုးငြိမ်းက သူ့တွေ့တာနှင့် မျက်နှာလွှဲနေတော့သည်။ မသိလျှင် ရည်းစားစကားပြောခံရတာ သော်တာချမ်းအေးမဟုတ်ဘဲ သူဖြစ်နေသလိုပဲ။

ဒီနေ့ မိုးငြိမ်းပြန်လာလျှင်တော့ သူ မိုးငြိမ်းကို အမိအရ စကားပြောရမည်ဟု ကြံရွယ်ထားပြီး မိုးငြိမ်းပြန်လာချိန်အား အခန်းထဲမှ ကြိုစောင့်နေမိသည်။ နေ့လည်စောင်းချိန်ကျတော့ မိုးငြိမ်းက ပြန်လာပြီး အခန်းထဲ၌ သူ့အား တွေ့သောအခါ ချက်ချင်းပြန်ထွက်သွားမည် ပြုသည်။ မိုးငြိမ်း၏ ခြေလှမ်းများကြောင့် သူ ဝမ်းနည်းသွားရပြီး အခန်းအပြင်ရောက်နေပြီ ဖြစ်သော မိုးငြိမ်းအနောက်သို့ ခြေလှမ်းခပ်မြန်မြန်ဖြင့် လိုက်သွားလိုက်သည်။

မိုးငြိမ်းသည် အခန်းအပြင်ဘက်ရောက်မှ မိမိကျောပြင်အား အင့်ခနဲ တွန်းတိုက်ပြီး အဖက်ခံလိုက်ရသောကြောင့် သူ့ခြေလှမ်းတွေ ရပ်သွားမိသည်။ အစ်ကို့အငွေ့အသက်လေးကို ခံစားမိလိုက်တော့ နှလုံးသားထံမှ တစ်မုဟုတ်ချင်း တလှပ်လှပ် တုံ့ပြန်လာ၏။ ထိုအခိုက် လေ​ပြည်လေညင်းများက တဖြူးဖြူး တိုက်ခတ်လာသောကြောင့် အခန်းအပြင်ဘက်ရှိ မလေးရှားပိတောက်ပင်မှ ပန်းဝါဝါလေးများက သူတို့နှစ်ဦး၏ ဘေးပတ်လည်သို့ တလူလူလွင့်လာတော့၏။ ထို့နောက် သူ့ကျောပြင်ကို ထိခတ်နေသော အစ်ကို့ဆံသားပျော့ပျော့တို့၏ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရပြီး အစ်ကို့လက်ဖမိုးလေးအား တယုတယ ဆုပ်ကိုင်လိုက်တော့သည်။

" အစ်ကို..."

" မိုးငြိမ်း ငါလေ"

သို့ဖြစ်ရာ အစ်ကို့လက်ကို ဖြုတ်ချလိုက်ပြီး အစ်ကို့ဘက်ပြန်လှည့်၍ အစ်ကို့ကိုယ်သေးသေးလေးအား ရင်ခွင်ထဲ ဆွဲဖက်လျက်။

အိမ် {Completed}Where stories live. Discover now