(Unicode)
အစ်ကို့ကို နေ့တိုင်းဈေးခေါ်သွားနေရသည်မို့ အစ်ကိုလည်း ပင်ပန်းတော့မည်ဟု မိုးငြိမ်းတွေးမိသည်။ အစ်ကိုကတော့ အပြုံးမပျက်ဘဲ သူဘယ်သွားသွား လျှောက်လိုက်နေပေမဲ့ ညအိပ်ချိန်တိုင်း အစ်ကို့ပုံစံလေးက ပင်ပန်းနေမှန်း သိသာလှ၏။ အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းမှုကြောင့် မျက်ကွင်းလေးတွေ ညိုလာပြီး ပိန်သွားမည်ကိုပင် စိတ်ပူလှပါသည်။
ဒီနေ့လည်း အစ်ကိုမနိုးမီ သူအရင်ထပြီး အစ်ကို့ကို တိတ်တိတ်ကလေး အိမ်မှာ ချန်ထားခဲ့မည်ဟု သူတွေးထား၏။ အစ်ကိုကတော့ နှုတ်ခမ်းကလေးကိုလှစ်ဟပြီး အသက်ရှူမှန်မှန်ဖြင့် အိမ်မောကျနေ၍ မိုးငြိမ်း၏ အကြံကိုလည်း သိပုံမပေါ်၊ ငြိမ်းချမ်းလျက်။ သူ သွားခါနီးကျတော့ အခန်းတံခါးကို သေချာပိတ်ခဲ့ရ၏။ သို့မဟုတ်လျှင် သူမရှိတုန်း သူခိုးတွေ ဘာတွေဝင်နိုင်သည်။ ရှိရှိသမျှပစ္စည်းတွေအကုန် မ,သွားသည်ကအကြောင်းမဟုတ်သော်ငှား အစ်ကို အိပ်ပျော်နေပုံလေးအား တစ်ပါးသူ မြင်သွားမည်ဆိုပါက မကောင်း။
မနက်မိုးစင်စင်လင်းချိန်ရောက်တော့ သော်တာချမ်းအေးသည် အိပ်ရာမှ လန့်နိုးလာရ၏။ ထို့နောက် မျက်ဝတ်များကို ဖယ်ရှားလိုက်ပြီး ခြင်ထောင်စကို ဆွဲဖယ်၍ အပြင်ဘက်ကို ထွက်ကြည့်လိုက်ချိန် နေအတော်မြင့်နေပြီမို့ လင်းရောင်ခြည်အောက်၌ သူ့မျက်နှာမို့မို့လေးသည်ကား ညှိုးနွမ်းသွားရ၏။
မိုးငြိမ်းက သူ့ကို အိမ်မှာတစ်ယောက်တည်း ထားပစ်ခဲ့၏။ မိုးငြိမ်းနှင့်အတူ သွားလာခဲ့သည့် ကျန်ခဲ့သောရက်များ၌ သူကား မည်သည့်အမှားကို ကျူးလွန်မိခဲ့ပါသနည်း။ မိုးငြိမ်း၏ စိတ်တွင်း၌ သူ့ကို ချန်ထားခဲ့ချင်သည့် အတွေးများဝင်လောက်အောင် သူ ဘာအပြစ်များ ပြုလုပ်ခဲ့မိပါသနည်း။ မိုးငြိမ်းအတွက် တကယ့်ကိုပင် စိတ်ရှုပ်စရာတစ်ခု ဖြစ်ခဲ့ရပြန်ပြီလား။
သူ အခန်းရှေ့၌ မတ်တတ်ရပ်နေစဥ်မှာပင် အရီးက သူ့အနားကို ပြုံး၍ လျှောက်လှမ်းလာပြီး သူ့မျက်နှာကို ကြည့်နေသည်။
" ကလေး ဘာစိတ်အလိုမကျ ဖြစ်နေတာလဲ"
" ဟို မိုးငြိမ်းက သားကို ဒီနေ့ဈေးမခေါ်တော့ဘူး"
![](https://img.wattpad.com/cover/292137870-288-k353164.jpg)
BẠN ĐANG ĐỌC
အိမ် {Completed}