အပိုင်း (၅)

331 32 0
                                    

*Zawgyi#
...................

ကြာလာပြီ... ဖုန်းမဆက် စာမပို့ သတင်းမကြားဘဲ ဘာတွေများလုပ်နေသည်မသိ... တစ်ကယ်ပဲ ဟေသာ့ကြောင့်လား... ဘာကများ အဲ့လောက်ထိ နာကျင်စေခဲ့မိတာများလည်း..... သတိရတယ်....ဟင့်အင်း...ဒါမှမဟုတ် လွမ်းတယ်လို့များ ခေါင်းစဉ်တပ်ရမလား.....

ခါတိုင်း တူတူသွားနေကြ နေရာတွေက တစ်ယောက်တည်းလာမိတော့ စိမ်းသက်သက်ပင် ဖြစ်ချင်သယောင်..... စောင့်နေကြ ကားမှတ်တိုင်လေးတောင် ကိုယ်တစ်ယောက်တည်း ဖြစ်သွားလို့ အံသြတကြီး ကြည့်နေသလို..... တူတူလာ​နေကျ ​ကျောင်းတော်ကြီးကိုတောင် တစ်​ယောက်တည်း လာမိရပြီတဲ့လား.....မြင်နေကြ မြင်ကွင်းတွေ အသစ်အဆန်းပုံစံနဲ့ မြင်လွှာထဲမယ် အဲ့ သဘောတကျ ပုံရိပ်လေးသာ မြင်ယောင်နေမိပြန်လေရော...

အွန်း...ပြန်မြင်ယောင်လာမိတယ်... လွန်းနဲ့ စ တွေ့တုန်းက ပုံရိပ်လေးဆီ..... ကိုယ်က နောက်ကျလို့ရယ် အစစအရာရာ အသေးအမွှားလိုအပ်သည်မှစ ကူညီဖြည့်ဆည်းပေးခဲ့သူ.....
ကိုယ့် မျက်နှာ အခြေနေကြည့်ရုံနဲ့တင် ကိုယ့်ခံစားချက်ကို ခန့်မှန်းနိုင်လောက်အောင်ကို ကိုယ့်အကြောင်း သိခဲ့သူလေးရယ်ပါ... ဒါနဲ့များ ဘယ်လိုကြောင့် ခုလောက်တောင် စိတ်ဆိုးသွားရလေသလဲ...

လွန်းက လှတယ်...ဟင့်အင်း လှတာထက် ချောတာဆို ပိုမှန်လိမ့်မည်... သူ့ဘေးနား ရောက်လာတတ်တဲ့ ကောင်လေးတွေဖြင့် မနည်းမနောရယ်.....

''ဟေ့ လွန်း.....''

အနားမှ ဖြတ်ရင်း ကြားလိုက်သော အသံကြောင့် အသဲသန် လိုက်ကြည့်မိတော့... ဟုတ်ပါတယ် ဒါ...ဒါ လွန်းရဲ့ နောက်ကျောပြင်လေးပဲ ဒါမယ့် ဘေးမှာ တွဲရပ်နေတဲ့ လူနှင့်မို့ စိတ်ထဲ အဆင်မပြေလောက်အောင်... ဘယ်သူများလဲ...
လမ်းလျှောက်ရင်း စကားပြောသွားကြသည်မို့ သူတို့စကားတွေ မကြားနိုင်တော့... ဘာလဲ ပြန်လာတာတောင် မပြောဘူးရယ်...

''မမဟေသာ...''

''သြော်...အစော... ဘယ်လဲ ပြီးပြီလား အတန်းက မှူး ရော...''

''မှူးက သူ့မေမေလာလို့ အဆောင်ကို အရင်ပြန်နှင့်တာ မမရဲ့ ''

''ဟုတ်လား ဗိုက်ရော ဆာနေပြီလား... ၁၂ကျော်ပြီရယ် ကန်တင်းမှာ တစ်ခုခု စားပြီးမှ ပြန်ကြမယ်လေနော့...''

Love and MeWhere stories live. Discover now