အပိုင်း (၂၀)

936 43 4
                                    

*Zawgyi#
...................

''ဒေါက်ဒေါက်...''

''ဖွင့်ထားတယ်နော်...သက်..လား ဝင်ခဲ့လေ''

အခန်းထဲ...အိပ်ယာထက်ဝယ် ခွန်အားရှိစာပေ စာအုပ်တစ်အုပ်အား အဆုံးသတ်ဖတ်နေလက်စနှင့်မို့ အပြင်မှတံခါးသံအား အသံပြန်ပေးလို့သာ ငြိမ်နေလိုက်မိ...

''စိမ့်...''

တိုးလျလျအသံလေးနှင့်ငြင်သာသာခေါ်လိုက်သော အသံပိုင်ရှင်ကြောင့် လှည့်မကြည့်ဘဲနှင့်တောင် ပြုံးမိသွားလျှက်ရယ်.....

''သက်သာရဲ့လား...ကလေး''

ဖတ်လက်စ စာအုပ်လေးဘေးချလို့ လှဲနေရာမှ ကုတင်အောက်ခြေချထိုင်လိုက်ရင်းဆိုတော့....

''ဟုတ်...''

''ခုနလာကြည့်သေးတယ်...တံခါးပိတ်ထားတော့လေ... ဘာလုပ်နေမှန်းမသိတာနဲ့ မခေါ်လိုက်တော့တာ...''

ဆွယ်တာခေါင်းစွတ်လက်ရှည်အား...ချည်သားအပွ ဘောင်းဘီရှည်ဖြင့်တွဲဝတ်လို့ရယ်... လူမမာပုံစံနှင့်ပင် လှပကြည့်ကောင်းနေပါသော မိန်းကလေးငယ်...

ချက်ချင်းပင် စိမ့်အရှေ့ရောက်လာလို့ရယ်...ပခုံးမှသိုင်းဖက်လာရင်း

''တောင်းပန်ပါတယ်...ဟိုနေ့က ပြောခဲ့မိတာတွေအတွက်...''

''နားလည်ပါတယ်ကလေးရယ်... ဘာမှမဖြစ်နဲ့ ခွင့်လွှတ်တာမို့...''

သူမခါးလေးဆီသာ ပြန်ဖက်တွယ်လိုက်ရင်းဆိုတော့...

ဖက်ထားသည်အား တော်တော်နှင့်ပင်မလွှတ် ကလေးသေးသေးလေးတစ်ယောက်နှယ် ချွဲနေသည်မှာ သဘောကျဖွယ်.....

''ခေါင်းရော မူးနေသေးလား...''

''ဟင့်အင်း...''

''ရေရောချိုးချင်လား...''

''စိမ့်...ချိုးပေးမလား...''

ထိုကလေး စကားကြောင့် သဘောတကျပြုံးမိသွားသူမှာတော့ စိမ့်ကိုယ်တိုင်ရယ်...

''မေးနေတယ်လေ...''

ဖက်ထားသည်အားလွှတ်လို့... မျက်နှာချင်းဆိုင်မေးလိုက်တော့ ရှက်ရိပ်သန်းနေသော စိမ့်မျက်နှာအား...မသိဟန်ဆောင်ကာပင် သဘောတကျငေးနေလိုက်မိ.....

Love and MeTempat cerita menjadi hidup. Temukan sekarang