*Zawgyi#
...................''အန်တီ...''
အိမ်ရှေ့တန်းလျားထွက်ထိုင်လို့ ချည်ထိုးနေရင်းမှ အနားကပ်လို့ထိုင်လာသော... ထိုကလေး...
ငြင်သာ တိုးငြင်းဖွယ် ခေါ်သံဖြစ်နေသည်မို့ သေချာပင်လှည့်ကြည့်မိတော့... အရှေ့လမ်းဘက်ဆီသာ တွေဝေစွာ ငေးမောနေပြန်သော မျက်နှာထားနှင့်ရယ်.....''အင်း...''
''လူတစ်ယောက်က တစ်ကယ်ချစ်ပါလျှက်နဲ့ သူချစ်ရတဲ့ လူကို အလွယ်တကူ ထားခဲ့နိုင်လား...''
''ထားခဲ့ပြီ ဆိုမှတော့လည်း တစ်ကယ်မချစ်တာလဲ ဖြစ်နိုင်တာပဲကွယ်...''
''ဟင့်အင်း...အန်တီ သူတစ်ကယ်ချစ်တာပါ''
''အဟက်...''
ထိုသို့ ဟက်ကနဲ ရယ်သံ ထွက်လာတော့မှ ထိုအန်တီ့ထံ အာရုံပြုမိပြန်သည်.....
''အဲ့လိုဆိုလည်း အကြောင်းတစ်ခုခုရှိနေမှာပေါ့...လူတိုင်း ဖြေနိုင်တဲ့မေးခွန်းပဲမလား...''
အနည်းငယ်ဖောင်းပုံ ပေါ်နေသော ပါးပြင်ထက် ထင်နေသော သနပ်ခါး ခပ်ပါးပါး... ဆံနွယ်နက်တွေအား တစ်လွှာစည်းလို့ ပြေလျော့နေသော အလှနှင့် ထိုအမျိုးသမီးက တစ်ကယ်ပဲ ဘယ်လိုခံစားချက်မျိုးတွေ ပေးနေပြန်ပါသနည်း.....
''အန်တီ...''
''အင်း...ပြောလေကွယ်''
''အန်တီ့အတွက် အချစ်ကဘာလဲ...''
သူမကတော့ သူမ၏ ချည်တံနှင့် ချည်လုံးတွေဆီသာ အာရုံစိုက်လို့ရယ်...
''အချစ်နဲ့ ပတ်သက်ရင်လူတိုင်းက အဓိပ္ပါယ်တစ်မျိုးဆီ သတ်မှတ်တတ်ကြတယ်မလား...''
''အင်း... ဘာရယ်ကြောင့်တော့ မပြောနိုင်ပေမယ့် လွန်း..အခု အန်တီ့ရဲ့ အချစ်နဲ့ပတ်သတ်တဲ့ သတ်မှတ်ချက်ကို သိချင်မိတယ်...''
ပြုံးယောင်သန်းသွားသော သူမနှုတ်ခမ်းပါးလေးတွေ...
''စိတ်ခံစားမှု အနိမ့်အမြင့်တွေကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ လောကဓံတစ်ခုလို့ပဲ သတ်မှတ်လည်း ရတာပါပဲကွယ်....''
''အိုဟိုး... အန်တီက လူကြီးပီပီ တရားဆန်ဆန်ကို ပြောလာနေတာပဲ...''