*Zawgyi#
...................တက္ကသိုလ် တက်ကတည်းကပင် မပြန်ဖြစ်သော ဇာတိမြေသို့ ဒီနှစ်တော့ အရောက်ပြန်ဖို့ ဆုံးဖြတ်လို့ရယ်... ပြန်လာမိတော့သည်.....
မန္တလေးမြို့ မမြင်တာကြာတော့ စိတ်အသစ်နှယ် ပြန်ခံစားမိရသော... ကျုံးတော်ကြီး အလှနှင့်အတူ နာရီစင်ရှိရာ ဈေးချိုအတွင်းမှ စုံလင်ဖွယ် မွှေးကြိုင်ကြိုင် အနံ့စုံအား ပြန်ခံစားမိတော့ မသိမသာပင် ပြုံးယောင်သန်းလာမိ.....''သိလား...လွန်း ငါကလေ အဲ့မန္တလေးက ကျုံးအလှနဲ့ ဈေးချိုမှာရှိတယ်လို့သာ ကြားဖူးတဲ့ အဲ့နာရီစင်ကြီးကိုတော့ အပြင်မှာ ကြည့်ဖြစ်အောင်ကို လာကြည့်ဦးမှာသိလား...''
ဟုတ်တယ်...ကျွန်မစိတ်ထဲ စွဲနေခဲ့တဲ့ သူမရဲ့စကားသံတွေ.....
နင့်အတွက် မလိုအပ်တော့တဲ့ အဲ့ခံစားချက်တွေမို့ ပြိုလဲမတက်နာကျင်မိနေသည့်ကြားကိုမှ ငါဟာ နင့်ကို နည်းနည်းမှတောင် မမုန်းနိုင်ခဲ့ပြန်ဘူး..ကြည့် ဒါတော့ နင်လွန်တယ်မလား... ဟေသာ...ပြန်လာတော့ ကားဂိတ်မှတစ်ဆင့် ဆိုင်ကယ်စီးရသေးသည်မို့ လိုအပ်သည့် အဝတ်နည်းနည်းနှင့် ပစ္စည်းတစ်ချို့သာ သယ်လာ၍ ကျန်သည်များကိုတော့ ရန်ကုန်မှ အဒေါ်တို့အိမ်တွင်သာ ထားခဲ့တော့သည်.....
ငယ်ငယ်ကတည်းကပင် မိဘနှစ်ပါး၏ကြိုးစားမှုကြောင့် သင့်တင့်စွာ နေနိုင်လာခဲ့ရသည်မို့... ကျေးဇူးအနန္တပင်...
ခြံဝိုင်းလေးအတွင်းမှ နှစ်ထပ်အိမ်ဟောင်းလေးမှာပင် အခုများတော့ ကိုကိုမွန်းမံထားလို့ ထင်ပါရဲ့ သပ်ရပ်လှပလို့ပင် နေချင်စဖွယ်ကောင်းစရာလေးရယ်.....''ကဲ...ညီမလေး ကြည့်စမ်း ကိုကို့ လက်ရာအစွမ်းလေးတွေ''
ပြောရင်းပင် ခြံဝင်းအတွင်း ညွှန်ပြလာသည်အား ကြည့်မိတော့ နှင်းဆီပန်းအိုး အနီရောင် ၇အိုးလောက်ကို တန်းလေးလုပ်လို့ တင်ထားရင်း... အောက်မှာတော့ မြက်ခင်းစိမ်းလေးတွေအား... သပ်ရပ်စွာပင် ညှိထားလို့ရယ်.....
အမှန်တော့ နှင်းဆီပန်း နီနီလေးတွေဆို လွန်းအရမ်း ကြိုက်ကြောင်း ပြောခဲ့ဖူးသည်ကြောင့်လေ.....''ဟာ...ဟုတ်လား လွန်းရဲ့ ကိုယ်လည်း နှင်းဆီနီနီဆို သိပ်ကြိုက်တာပဲ ပန်း...နဲ့ပတ်သက်လာရင်ကို အရင်ဆုံး ပြေးမြင်မိတာတော့ အဲ့နှင်းဆီ နီနီတွေပဲ.....''