အပိုင်း (၁၈)

255 30 4
                                    

*Zawgyi#
...................

ဒီနေ့မှ ခြံထဲမှာပဲစာသင်ချင်သည်ဆို၍... စားပွဲခုံနှင့် ထိုင်ခုံများရွှေ့လို့ စာသင်နေတော့လည်း ခါတိုင်းရယ် ရွှင်ရွှင်ပြပြပုံစံမရှိ ဖြစ်နေသည်မို့...

''နေကောင်းရဲ့လား လွန်း''

''ရှင်...ဟုတ်''

ချက်ချင်းပင် နှဖူးပြင်ထက် ရောက်လာသော ခပ်နွေးနွေး လက်ဖဝါးနု...

''အင်း..ကြည့်ရတာ တစ်မျိုးဖြစ်နေတော့လေ...''

တစ်မနက်လုံး စာသင်နေရင်းနှင့်မှ ခံစားချက်များဖွင့်ဟဖို့အရေး မဝံ့မရဲ ကြောက်ရွံ့နေရလို့ စကားပင် ကောင်းကောင်းမပြောနိုင်ခဲ့.....ဒါကိုလည်း စိမ့်ကရိပ်မိနေပါတယ်...

''စိမ့်...''

စာမျက်နှာပြင်တွေဆီသာ ခေါင်းစိုက်ရင်း မဝံ့မရဲခေါ်လိုက်​တော့...

''အင်း...ပြောလေ လွန်းရယ်''

သူမမျက်နှာဝယ် အရဲတိုးလို့ မော့ကြည့်ရင်း...

''လွန်းက စိမ့်ကို ချစ်နေမိပြီလို့များ ဆိုရင် စိမ့်က ဘာများပြန်ပြောနိုင်လဲဟင်...''

ထိုစကားကြားတော့ မျက်ခုံးတန်းလေးများဝင့်လို့ လွန်းအားကြည့်လာသော မျက်ဝန်းတွေထဲ အံ့သြရိပ်တွေနဲ့ရယ်.....

''ဖြေရခက်မယ်မလား...''

''ဘယ်လိုချစ်တာကိုများလဲ...''

''ချစ်သူတစ်ယောက်လို မြတ်နိုးရသောသူတစ်​ယောက်လို...
ဘဝလက်တွဲဖော်တစ်ယောက်လို...''

အရဲစွန့်လို့ ပြောလိုက်ရသော်လည်း...
အတန်ကြာတိတ်ဆိတ်သွားပြန်သော စိမ့်ဆီမှ အဖြေထွက်မလာသည်မို့...ရင်ထဲပင် သိသာစွာပူလောင်လာမိ...

''လွန်း...က တစ်ကယ်ပြောချင်နေလို့များလား...''

မျက်လုံးချင်းဆုံလို့ သေချာမေးလာနေပြီမို့ တုံ့ပြန်ရန်ပင် မနည်းအားယူနေရ...

''ဖွင့်ပြောချင်ရုံတင်မဟုတ်ဘူးစိမ့်...
လွန်းက စိမ့်နဲ့...''

''တော်တော့လွန်း...''

ချက်ချင်းပင် မျက်နှာလွှဲလို့ အသံမာသွားသည်မို့... လွန်းမှာ ရင်ထဲတွင်သာမက တစ်ကိုယ်လုံးပင် ပူချင်လာတော့သည်...

Love and MeDonde viven las historias. Descúbrelo ahora