အပိုင်း (၉)

474 21 2
                                    

*Zawgyi#
...................

''နေကောင်းလား.....''

''အင်း...''

မနေ့ညတည်းက ဖုန်းလည်းမဆက် online လည်း မတက်... ခါတိုင်းဆို တစ်ညလောက် ဖုန်းမပြောရရင်တောင် ရစ်နေတတ်ပြီးတော့များ... ခုများကျ လူကို ပြစ်ထားနေလေရဲ့.....
ခုလည်း စာသင်ချိန် တစ်မနက်လုံး မျက်နှာမကောင်းသည်ကို ရိပ်မိလို့ရယ်.....

''နေကောင်းတယ်ဆိုလည်း ထလေ ထမင်းစားတော့ နောက်၂နာရီနေ သချာင်္ဆရာမ လာတော့မှာ...''

''ဟင့်အင်း မစားချင်ဘူး...''

စာသင်ခုံဆီသာ ထိုင်ရင်း တစ်ခြားကျောင်းသားတွေ အသီးသီး ထွက်သွားသည့်တိုင်အောင် မထဘဲ မှိုင်နေသည်မို့ သူမအနား ရောက်လာသည်ကိုတောင် မျက်နှာတစ်ချက်ပြန်မကြည့် အေးတိအေးစက်နှင့်မို့ အလိုပင်မကျချင်တော့.....

''ဘာဖြစ်နေလဲကွာ... မပြောချင်ဘူးလား
ထမင်းစားချိန်တော့ စားရမှာပေါ့...''

''မဆူပါနဲ့...''

လေသံနည်းနည်းမာလာတော့မှ မျက်နှာငယ်လေးနှင့် မော့ကြည့်လာသော ကလေးမလေး.....

ထိုတော့မှ သူမပါးလေးတစ်ဖက်ဆီ အုံ့မိုးကိုင်ရင်း.....

''ဘာဖြစ်နေလဲ ပြောပြလေ... ခလေးပြောမှ မ..က သိမှာပေါ့ ကိုယ့်ချစ်သူကိုမှ မပြောရင် ဘယ်သူ့ကို ပြောမှာလဲ.....''

အနားကပ် မတ်တပ်ရပ်နေသည်မို့ ခါးဆီသို့ ဖက်တွယ်လာသော ခပ်နွေးနွေး ရင်ခွင်တစ်စုံ.....

''ကြောက်နေလို့...''

''ဟင်...''

''မ..ကို ဆုံးရှုံးရမှာ ကြောက်နေလို့်''

''သြော်...ဘာများလဲလို့ ခလေးရယ်...''

''တစ်ကယ် ကြောက်တာ...''

''မ..လည်း ခလေးကို အဆုံးရှုံးမခံနိုင်ပါဘူးနော်...''

''တစ်ကယ်လား...''

''အွန်း...တစ်ကယ်ပေါ့''

''ခလေးကို ချစ်လား...''

''ခုထိ မ..အချစ်တွေကို မယုံသေးဘူးလား...''

''ဟင့်အင်း...မ..အချစ်ကို မယုံတာမဟုတ်ဘူး တစ်ခြားသူတွေကို မယုံနိုင်တာ မယုံရဲတာ...''

Love and MeWhere stories live. Discover now