အပိုင်း (၁)

1.1K 45 0
                                    

*Zawgyi#
...................

''မနက်ခင်းလေးမှာ နိုးလာခဲ့.... အရင်ဆုံးမင်းကို လွမ်းပါတယ်.....''

''ဟယ်လို အစော...''

''ပြီးပြီလား သဲရဲ့''

''အင်း ပြီးပြီ ထွက်တော့မို့ခုပဲ နင်ရော.....''

''မှတ်တိုင်ရောက်နေပြီ စောင့်နေတယ်လို့...''

''သြော်...ဟုတ်ပြီ ဟုတ်ပြီ''

စီးပွားရေးတက္ကသိုလ်အဝေးသင် တဲ့ ​ကိုယ်တိုင်သဘောကျလို့ ရွေးချယ်ခဲ့တဲ့ မေဂျာလေးတစ်ခု တစ်ကယ်ကို ဒီနေ့တော့ စ ပြီးလေ့လာရတော့မှာမို့ နည်းနည်းတော့ ရင်ခုန်မိတာတော့အမှန်.....ပထမဆုံး ကျူရှင် စတတ်ရမယ့်နေ့မို့ အစောတစ်ယောက်လည်း ဝီရိယတွေကောင်းစွာ တက်ကြွနေလေပြီ.......

မှတ်တိုင်ဆီ လျှောက်လာရင်း လှမ်းမြင်နေရသည်နှင့် လက်ယမ်းပြကာ ပြုံးရွှင်နေသော မှူးရဲ့ သူငယ်ချင်းမလေး စောသိင်္ဂီ... မှူးနဲ့ အစောကတော့ အဆောင်တူတူလာနေရင်းမှ ခင်မင်ရင်းနှီးခဲ့ကြလို့ အခုဆို အတွင်းသိအဆင်းသိများပင် ဖြစ်ရုံမက အလွန်ခင်မင်မိကြပြီ​လေ......အစော မှတ်တိုင်ဆီ အရင်ရောက်နေရခြင်း အကြောင်းမှာတော့ တစ်ခြားမဟုတ် မှူး အစ်မဖြစ်သူနှင့် မနက်စောစော စားသောက်ဆိုင်တွင် သွားတွေ့နေရခြင်းကြောင့်ရယ်......

''အဆင်ပြေရဲ့လား မှူး...''

''အင်း ပြေပါတယ်... မမကတော့ မေမေ့ကို ပြောပေးမယ်ပြောတာပဲ...''

''အင်း... ခွင့်ပြုလောက်မယ်ထင်လား...''

''မမ ပြောရင်တော့ ရမှာပါ သူက မှူးထက် ပိုနားလည်​အောင်ရှင်းပြတတ်တယ်လေ...''

အစောကတော့ မှူးအဖြေအား ပြုံးလျှက်ရယ်သာ နားထောင်လျှက်.....

''အင်း ကားလာပြီ မှူး သွားရအောင်...''

မှူးတို့ ရွေးချယ်ထားသော ကျူရှင်က မှူးတို့အဆောင်နဲ့ဆို ၂မှတ်တိုင်လောက်သာစီးရသော အကွာအဝေး....
ကျူရှင်ခန်းလေးမှာအလျား ပေ၅၀ နှင့်အနံ ၇၀လောက်ကိုပင် အခန်း၂ခန်းဖွဲ့ထားပုံမှာ သပ်သပ်ရပ်ရပ်နှင့် နေချင်စဖွယ်လေးဖြစ်နေသည်ကို မှူးတို့ လွန်ခဲ့သော ၁ပတ်ခန့်က ကျူရှင်သွားအပ်သည့်နေ့မှပင် သိရှိပြီးပြီလေ.....

Love and MeDonde viven las historias. Descúbrelo ahora