အပိုင်း (၁၁)

339 33 0
                                    

*Zawgyi#
...................

ဆေးလူး ပတ်တီးစည်းပေးနေသည်မှလွဲ စကားတစ်ခွန်းမှပင် မပြောသည်မို့ လွမ်းနေရသော မျက်နှာလေးသာ အုံ့မိုးငေးရင်း... စောနဖြုတ်ယူထားသော ကြယ်သီး နှစ်လုံး ရင်ဘက်နေရာလေးအား ကြည့်မိတော့မှ..... ရင်ထဲပင် ပူရှိန်းလာချင်မိတော့.....

''မ...မှူးတော့ မြူဆွယ်ခံနေရပြီထင်တယ်...''

ထိုစကားကြားမှ အလန့်တကြား လက်တစ်ဖက်ဖြင့် ရင်ဘက်လေး လှမ်းအုံ့လိုက်သည်မို့ ပိုလို့ပင် အသည်းယားလာမိရ.....

''လူကို အလန့်တကြား ဖြစ်အောင်လုပ်တာကို...''

ပတ်တီးစည်းပေးပြီးသည်နှင့် အလျှင်မြန်ပင် မျက်နှာသုတ်ပဝါယူလို့ အခန်းထဲမှ ထွက်ရန် ပြင်နေသည်မို့ မတ်တပ်အတင်းရပ်လို့ မြန်ဆန်စွာပင် လက်လှမ်းဆွဲယူလိုက်တော့.....
မှူးအားကြည့်လာသော မ..ရဲ့မျက်ဝန်းတွေထဲ တည်ကြည်အေးစက်မှုတွေနဲ့ရယ်.....

''နေပါဦး... မှူးကို ဘာတွေမကြည်နေတာလဲဟင်...
မှူး...ဘာလုပ်မိလို့များလဲ...''

တစ်ကယ်မလုပ်နိုင်တာပဲ..... မျက်နှာချင်းဆိုင်တွေ့တာနဲ့ မကျေနပ်မှုများ ပြောလို့ ဖုံးထားသော အရှုပ်တွေရှင်းစေဖို့ ဆုံးဖြတ်ထားသော်လည်း.....အဲ့မျက်နှာလေးနဲ့ အဲ့ငြင်သာသာစကားသံလေး ကြားရတိုင်း... ဘာမှကို မပြောရက် မဆိုရက်နိုင်တော့.....

ကိုယ် ကိုယ်တိုင်ရှောင်နေမိကာမှ လွမ်းနေရသော စိတ်ကိုပင် ဖုံးဖိထားခဲ့ရသော်လည်း... အဲ့မိန်းကလေးက အနားလာလို့ ကပ်ချွဲလာပြန်ပြီမို့..... စိတ်များပင် လွတ်ထွက်ချင်လာမိ.....

သူမဆွဲကိုင်ထားသော လက်အား ရုန်းလို့ ထွက်ရန်ပြင်လိုက်သည်နှင့်..... စောနထက် ပိုပြင်းသော အားနှင့် ခါးထက်မှ လှမ်းဆွဲလိုက်သည်မို့... ရင်ခွင်ထဲ အလုံးရင်းရောက်လာသော အဲ့ခန္ဓာလေးကို မငြင်းဖယ်နိုင်မိ.....

''ရူးတော့မယ် သိလား... လွမ်းလွန်းလို့...''

စက္ကန့်ပိုင်းမျှကြာလိုက်သည်နှင့်
တင်းကြပ်စွာ ဖက်ထားသော ကိုယ်လုံးလေးအား အသာခွာယူလို့... ​သွေးကြောစိမ်းလေးများပေါ်သည်ထိ ဖြူနုနေသော ပါးပြင်နှစ်ဖက်အား အုံ့မိုးဆွဲယူရင်း မှူးရဲ့ နီဆွေးဆွေး နှုတ်ခမ်းသားလေးအား စတင်သိမ်းပိုက်လိုက်သူမှာတော့ ဟေသာကိုယ်တိုင်ပင်....
မက်မော ယစ်မူးဖွယ် တုံ့ပြန်အနမ်းများအောက် သတိလက်လွတ်အောင်ပင် စီးမျောမိကြကာ.....
မှူးရဲ့ ကိုယ်လုံးသေးသေးလေးအား... အိပ်ယာထက် အသာဆွဲယူလို့ မရပ်တန့်နိုင်သော အနမ်းများနောက် စည်းချက်မြန်လာသော နှလုံးခုန်သံနှင့်အတူ စိတ်အလိုလိုက်နေမိတော့လျှက်.......

Love and MeTempat cerita menjadi hidup. Temukan sekarang