အပိုင်း (၁၅)

360 35 3
                                    

*Zawgyi#
...................

''လူတစ်ယောက်ကို ချစ်မိသွားမှာ ကြောက်တဲ့အခါ... ခပ်ဝေးဝေးနေသင့်တယ်လွန်း... တစ်ကယ်လို့ အဲ့လိုမှမဟုတ်ဘဲ ကိုယ်ကသာချစ်နေရပြီး... တစ်ဖက်က ချစ်တာကို ပြန်လိုချင်မိလာတဲ့အခါတော့... နောက်ဆုတ်ဖို့ ပြင်ဆင်ပြီးမှသာ ရှေ့တိုးကြည့်ပါ... အဆင်ပြေပုံပေါ်တဲ့အခါ ရှေ့ဆက်တိုးလို့ရနိုင်သလို အဲ့လိုမှ မဟုတ်ရင်တော့ ကြိုးစားပြီးကို နောက်ဆုတ်ရမယ်လွန်း... ချစ်ခြင်းမှာ အကြောင်းပြချက်မရှိသလို... မချစ်နိုင်ခြင်းမှာလည်း အကြောင်းပြချက်မရှိတာမို့လေ.....''

ငါပြုံးနေမိတာလား... ကြည့်ရတာတော့ နင်နဲ့ယှဉ်ရင် ငါဟာကလေးသာသာပါပဲဟေသာ... ရင့်ကျတ်ခြင်းဟာ အသက်ရွယ်နဲ့မဆိုင်ဘဲ နာကျင်မှု အတိမ်အနက်နဲ့သာ တိုက်ရိုက်အချိုးကျတယ် လို့ သူမပြောခဲ့ဖူးတယ်.....
နင်က အဲ့လောက်ကို နာကျင်ခဲ့ဖူးတာလားဟင်.....

''ဒေါက်ဒေါက်...
လွန်း...''

အခန်းထဲရေချိုးရန် တဘက်အား ရင်လျားပြီးသည်နှင့် ရေချိုးခန်းဝင်ရန်ဟန်ပြင်နေချိန်မှ..... ခေါ်သံနှင့်အတူ တံခါးခေါက်လာသော စိမ့်... ဟုတ်ပါသည် ခုနောက်ပိုင်း ဒီရက်တွေထဲ... ထိုအန်တီနှင့်ကျွန်မ ပိုရင်းနှီးလာမိ... ရင်းနှီးဆို သူမကိုယ်တိုင်ကိုက ဖော်ရွေတက်ပုံကြောင့်ပင်...ကြည့်ရတာတော့ ထို​ဖော်ရွေမှုက လူတိုင်းအတွက်ပဲဖြစ်ပါလိမ့်မည်.....

ဒီတိုင်းပင် တံခါးဖွင့်လို့ ကြည့်မိတော့မှ.....

ပါတိက်လုံခြည်ခရမ်းရောင်အပွင့်သေး အဆင်ပုံအား အဖြူရောင်ချည်သားပြောင်လက်တိုဖြင့် တွဲဝတ်လို့ရယ် ကြည့်ကောင်းလှပါသော ထိုအမျိုးသမီး.....

''ဟုတ်...ဘာများလဲ အန်တီ''

ထိုတော့မှ နှစ်လိုဖွယ်အပြုံးတစ်ခု ဖန်ဆင်းပြလို့ ဒီအန်တီက ဘယ်လိုများတုန်း ဟုပင် တွေးလိုက်မိလျှက်.....

''အန်တီ့သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ချင်လို့လေ ဒီကိုလာခိုင်းဖို့ကျ သူရှာနေရမှာစိုးတာနဲ့... သူရှိတဲ့နေရာပဲ သွားလိုက်ရင်ပိုအဆင်ပြေလောက်လို့... အဲ့ဒါ လွန်းများ လိုက်ပို့နိုင်မလားလို့ပါ အပြန်ကျ ဈေးလည်း ဝင်ဝယ်ချင်တာနဲ့ကွယ်...''

Love and MeHikayelerin yaşadığı yer. Şimdi keşfedin