အပိုင်း (၁၃)

326 36 2
                                    

*Zawgyi#
...................

မိုးအကုန် ဆောင်းအကူ အေးတေးတေး ရာသီရယ်မို့.....
စောင်ခြုံတွင်းမှ ရင်ခွင်ထဲဝင်လို့ကွေးနေသော မြတ်နိုးရာလေး.....
ညက မပြန်ချင်တော့ဟုဆို၍ ထုံးစံအတိုင်း လွန်းနှင့် သုံးယောက်သား အတူအိပ်ကြရင်းမှ ယခုတော့ အိပ်ယာထက် လွန်းပင်မရှိတော့...
နာရီကြည့်မိတော့ ၆နာရီပင်ကျော်နေပြီရယ်.....

ရုတ်တရက် ရင်ခွင်ထဲမှ အကောင်ပေါက်လေး လှုပ်လာသည်မို့ မသိဟန်ဆောင်ပင် အိပ်ချင်ယောင် ဆောင်နေတော့မိ.....
ချက်ချင်းပင်...ပါးပြင်ထက် ခပ်နွေးနွေးခံစားမှုလေး ထိတွေ့လာလို့ရယ်.....

ချစ်သူ့ရင်ခွင်တွင်းမှ မြတ်နိုးဖွယ် ပါးပြင်တစ်ဖက် မက်မောစွာ နမ်းရှိုက်ခွင့်နှင့်အတူ နိုးထခွင့်ရသော ဤမနက်ခင်းအား မည်သို့သော အရာနှင့်မျှ မလဲယူနိုင်တော့ပေ.....
ချစ်တယ်...မ..ရယ် မှူးတော့ မနက်ဖြန်ခွဲရမယ့်အတွေး ရင်လေးလို့ရယ် ကြောက်နေမိတော့တာပါပဲ.....

''ဟေ့...ခိုးကြည့်နေတုန်းလား...''

မျက်လုံးမဖွင့်ပါပဲ ရုတ်တရက်ပြောလာသည်မို့ မှူးမျက်လုံးများပင် ကျယ်သွားမိတော့.....

''အာ... နိုးနေတာလား...''

ချက်ချင်းပင် ချိုမြိန်ဖွယ် အပြုံးတစ်ခုဖန်ဆင်းလို့ ပါးပြင်ပေါ် ထိတွေ့လာသော သူမ၏အနမ်းတစ်ပွင့်.....
တစ်နည်းဆိုသော်... မှူးအတွက် ဘာနဲ့မျှပင် မလဲယူနိုင်သော အဖိုးတန်မက်မောဖွယ်အရာလေးတစ်ခု.....

''ထ..တော့မို့ပဲ ခလေးနိုးသွားမှာစိုးလို့်''

''အင်...''

ချက်ချင်းပင် အီချွဲလာပုံဖြင့် ရင်ခွင်တွင်း ခေါင်းတိုးလို့ စောနထက်ပင် တိုးဖက်လို့ရယ်...

''ခလေး...''

''အင်း...''

''အိမ်ပြန်ရောက်ရင်...အစစအရာရာဂရုစိုက်နော် နေမကောင်းလည်း မဖြစ်စေနဲ့...''

''.....''

''ဟာ...နော်လို့''

''မ..''

''ဟင်..''

''နေ့တိုင်း ဖုန်းဆက်ရမယ်နော်... မနက်ရော ညရော နေ့လယ်ရော ပြီးတော့ onlineမှာရော...''

Love and MeOù les histoires vivent. Découvrez maintenant