*Zawgyi#
...................တစ်နေ့လုံး တစ်ညလုံးနီးပါး ငိုထားမိသော အရှိန်နှင့် အိပ်ယာနိုးလာသည်နှင့် မူးလွန်းနေသော ခေါင်းအား သတိထားလိုက်မိ...အိပ်ယာဘေး စားပွဲခုံပေါ်မှ နာရီသေးလေးအား စမ်းလို့ဆွဲယူကြည့်မိတော့ နာရီလက်တံတွေက ၇နာရီအကျော်အား ညွှန်ပြနေလေပြီ...
''ဒေါက်ဒေါက်...''
အိမ်မက်လား တစ်ကယ်လား မသဲကွဲသော တံခါးခေါက်သံတွေ...ဘယ်နှစ်ကြိမ်ရှိနေပြီလဲပင် မသိတော့ပေ...
မူးလွန်းနေသော ခေါင်းအား ကြိုးစား ထ..ကာ တံခါးဆီသို့ ဦးတည်မိ၍... ပစ်မလဲသွားရန်ပင် အတော်ထိန်းယူနေရ...''မေမေလား...''
အားကုန်တင်းလို့မေးလိုက်ရင်း တံခါးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့်...ဖွင့်နိုင်ရန်ပင် ခက်ခဲလွန်းနေသော မျက်လုံးအိမ်တွေအား အားယူဖွင့်ကြည့်မိသွားစေနိုင်သော...စိမ့်
ထုံးစံအတိုင်းဆိုလျှင်ပင် ကျွန်မအတွက် မရိုးနိုင်စွမ်းသော ပါတိက်အဝါရောင်အပွင့်ဆန်းဖြင့် လှပနေပါသော ထိုအမျိုးသမီး... ကျောလယ်ထက်မှ ဆံနွယ်တွေက တစ်လွှာစည်းနှောင်းခံထားရခြင်းအောက်မှ ဖြန့်ကျနေသော ဆံနွယ်အလိတ်လေးတွေကလည်း အနားကပ်ချင်အောင်ပင် ဖျားယောင်းနေသေး.....တွေ့လား... ပြိုလဲချင်နေသော ခန္ဓာနှင့်တောင်မှ အဲ့အမျိုးသမီးရဲ့ ဆွဲဆောင်မှုတွေကို မှတ်ယူနိုင်စွမ်းရှိနေဆဲ...
ဒါပေမယ့်... ဒါပေမယ့်လည်း ကျွန်မ အဲ့အမျိုးသမီးကို ကြောက်နေမိတော့တာ...
အတန်ကြာ တံခါးခေါက်နေသော်လည်း တော်တော်နဲ့မပွင့်လာ... စိတ်ရှည်စွာ ရပ်စောင့်နေမိရင်းမှ ပွင့်လာသော တံခါးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ရင်ထဲပင် နာကျင်သွားမိ.....
ညအိပ်ဝတ်စုံဖြင့် မျက်နှာလေး နီတီတီရယ် ဖြန့်ချရက်သား ဆံနွယ်ဖြောင့်လေးများမှာ ကပိုကရို...
စိမ့်ထက် မတိမ်းမယိမ်း သာနေသော အရပ်ကြောင့် သူမမျက်နှာလေးအား မော်ကြည့်မိတော့ ဖြူဖက်ဖြူရော်... ဒီကလေး ဒီလောက်တောင်များ ဖြစ်သွားရသလားကွာ...