*Zawgyi#
...................ကျောင်းပိတ်ရက်လေး ရုပ်ရှင်ကြည့်ချင်လှပါသည်ရယ် တစ်ချည်ချည် ပူဆာနေသော ကောင်မလေးအကြိုက် Junction Square လာလို့ ရုပ်ရှင်ကြည့်ဖြစ်တော့သည်.....
''မုန့်သွားဝယ်ဦးမယ်...နေခဲ့ဦးနော်...''
''ဟင်...မှူးသွားဝယ်ပါ့မယ်...မ...ပဲနေခဲ့ပါ...''
''အင်း...ကြည့်နေမယ်အာ့ဆို...''
''ဟုတ်ဟုတ်...''
ဇာတ်ကားပြရန် မိနစ်၂၀လောက် လိုသေးသည်မို့ ရုံရှေ့ခုံတန်းတွင် ခဏထိုင်နေမိကြခြင်းရယ်.....
ကြည့်ဖို့ရွေးထားသည့် ဇာတ်ကားကတော့ အင်္ဂလိပ်သရဲကားတဲ့.... အကြိုက်တော့မတူ..... သူမလေးကြည့်ချင်နေပုံ ပေါ်လို့သာ ရွေးခဲ့မိခြင်းရယ်..... မလှမ်းမကမ်းမှ မြင်နေရ မုန့်ဆိုင်ဆီသွားနေပါသော ကျွန်မရဲ့ ချစ်သူတော် ကောင်မလေးဆီသာ ငေးနေရင်း.....''ဟာ...မှူး...''
''အယ်...ဇော်ထက်တို့ ဟယ် စုံလှချည်လား...''
အတန်းထဲက သူငယ်ချင်းတစ်စုနှင့် အမှတ်မထင်ဆုံကြရင်းမှ စကားလက်စုံကျမိကြရင်း.....
''နေပါဦး တစ်ယောက်တည်းလား...''
''မဟုတ်ဘူးဟ... ငါ နင့်တို့ပြောပြဖူးတဲ့ ငါ့ရဲ့ ချစ်သူလေးပါတယ်ဟဲ့...''
''အိုက်...Con conပါဟာ...''
ပြောရင်း လက်ကမ်းလာသော ဇော်ထက်ဆီ လက်ကမ်းပေးရင်း ဝမ်းမြောက်မှုအား သဘောတကျပင် လက်ခံပေးမိလိုက်သေး.....
''မိတ်ဆက်မပေးတော့ဘူးလား...''
သူ့စကားကြားတော့ လှမ်းကြည့်နေမယ်ဆိုသော မ..ဆီ သတိတရ လှမ်းကြည့်မိမှ တစ်ကယ်ပင် လှမ်းကြည့်နေလေပြီ.....
''ဟဲ့...နေပါဦးဟ နောက်မှ အေးဆေးပေါ့... မပြောမဆိုနဲ့ကျ မလုပ်ချင်ဘူး...မ..ကို မေးကြည့်ပါဦးမယ်နော်...''
''အမလေး...အေးပါဟယ် တိုနေလိုက်တာ ပြီးရော ပြီးရော...''
''ဒါနဲ့ နင်တို့က အခုဘယ်လဲ...''
''မုန့်သွားစားကြမို့လေ...''
''အေးပါ သွားကြ သွားကြ နောက်ခေါက်မှ ဆုံကြတာပေါ့နော့ အစောပါခေါ်ခဲ့မယ် အဲ့ကျ...''