အပိုင်း (၁၀)

374 25 1
                                    

*Zawgyi#
...................

''မှူး... မျက်နှာလည်း မလန်း အဆင်ပြေရဲ့လား''

''မပြေဘူး အစောရယ်...''

''ဟုတ်လား...''

''နေမကောင်းတဲ့ ရက်ကတည်းက မ..မှူးကို ရှောင်နေတယ်
ဖုန်းဆက်တော့လည်း မကိုင်... စကားလည်း ကောင်းကောင်း မပြောတော့ဘူး... ဘာများဖြစ်နေလဲ မသိပါဘူး....''

''အင်..ဟုတ်လား မနက်ကျ သေချာမေးကြည့်ပေါ့ ရှောင်နေလည်း မရှောင်နိုင်အောင်ဖမ်းပေါ့...''

''အင်း... အဲ့လိုပဲ လုပ်ရမှာပဲ...''

''ဒါနဲ့ ဒီကြားထဲရော စကားများထားကြသေးလား...''

''ဟင့်အင်း မများပါဘူး... စကားကို မပြောရတာ''

''သြော်...''

''မှူးတော့ ရင်ကွဲရတော့မလား မသိ...''

''ဟယ်...မဟုတ်တာ ဘာတွေတွေးနေတုန်း''

''ဟုတ်တယ် အစောရဲ့... ငါလေ ဟိုအမကို မယုံရဲဘူးသိလား... မတော်များ မှူးတို့နှစ်ယောက်ကြား ဝင်ပြီး ခလောက်လိုက်မှာ အရမ်းစိုးတာပဲ...''

''အယ်... မမဟေသာက အယုံလွယ်သူုဖြင့် မဟုတ်ဘဲ မဟုတ်တာတွေ တွေးပြီး မပူပါနဲ့ဦး...''

''အင်း... မဟုတ်ဖို့ပဲ မျှော်လင့်ပါတယ်...''

''အာ့ဆို မှူးက ကံကောင်းတာပေါ့နော်...''

''ဟင်...''

''ဟုတ်တယ်လေ... မှူးသတိထားကြည့်လိုက် အမှန်ဆို မမလွန်းငယ်ကလည်း လှတဲ့ထဲပါတယ်... တစ်ခါတစ်ရံဆို ငါတောင်ကြွေချင်လောက်အောင်...''

''ဟွန့်...အာ့ကြောင့် အဲ့အမဘက်ပါနေတာမလား''

''အမယ်...အဲ့လိုတော့ မပြောပါနဲ့နော် ဒီတိုင်းပြောပြတာကိုများ...''

''သိပါတယ်...အာ့ကြောင့်ပဲ စိတ်ပူနေရတာ...
တစ်ခုခုဆို မှူးက ဘာမှလုပ်တတ်တာမဟုတ်''

''ဟားဟား...''

ကိုယ့်စကားကြားတော့ သဘောတကျရယ်သွားသော အစော...

''ဟာ...ဘာရယ်တာတုန်း''

''အမ အူတိုနေပုံကြည့်ပြီး ရယ်ချင်လာလို့လေ... အဲ့လောက်လဲ မဟုတ်လောက်ပါဘူး မှူးရယ် အရမ်းတွေ လျှောက်တွေးပြီး ပူမနေပါနဲ့''

Love and MeDonde viven las historias. Descúbrelo ahora