*Zawgyi#
...................မျက်မှန်ဝိုင်းလေးအောက် တစ်စုံတစ်ခုအပေါ် အမြဲအာရုံကျရင်း ငြိမ်နေတတ်သော ထိုအပြုမူလေးတွေက တစ်ဆင့် ငါ့နှလုံးသားကို လှုပ်ခါစေခဲ့.....
မသေချာ မရေရာမှုတွေထဲ ဒီအခြေနေလည်း ပျက်စီးမှာ ကြောက်လို့ မျှောချနေခဲ့မိတဲ့ ခံစားချက်တွေကတော့ တစစနဲ့ ဖွဲမီးလိုရဲနေခဲ့ရတာတော့ အမှန်..... တစ်ကယ်ပဲ မသိခဲ့တာလား မသိနိုင်ခဲ့တာလား သိရက်နဲ့များ လျစ်လျူရှုခဲ့လေသလား.....အဲ့ဒီ ခပ်လှလှ အပြုံးလေးတွေကို ဖြစ်စေဖို့ အဲ့ဒီ အချစ်ဦးဆိုတဲ့ တီချယ်ကပဲ ဖန်တီးနိုင်စွမ်းရှိခဲ့သည်လား.....မနာလို လိုက်တာ ကံရယ်.....
''ဟုတ်ကဲ့ပါ...စိတ်ချမယ်နော်...အွန်း ပြီးရော ပြီးရော...''
''ဟာ...လွန်း ဘယ်တုန်းတည်းက နောက်ရောက်နေတုန်း...''
ဝရံတာအရှေ့ဘက်လှည့်ကာ ဖုန်းပြောပြီးသည်နှင့် အနောက်တွင် ရပ်ကာ လက်ပိုက်ကြည့်လာနေသော လွန်း...ကြောင့် နည်းနည်းပင် လန့်သွားမိသယောင်မို့.....
''ဟင်...မျက်နှာလည်း မကောင်းပါလား... ဘာဖြစ်နေလဲ နေရောင်ကောင်းရဲ့လား...''
အမေးနဲ့အတူ နဖူးပေါ်ရောက်လာသော ခပ်နွေးနွေး လက်လေးအား ပြန်ဆွဲယူရင်း.....
''ကောင်းပါတယ်...ပျော်နေပုံပဲ ဖုန်းထဲလူက တော်တော် အရေးပါတာများလား...''
လွန်းအမေးအား မျက်လွှာလေး အောက်ချရင်းသာ ခပ်ယဲ့ယဲ့ ပြုံးလျှက်.....
''အင်း...နည်းနည်းပါ...''
''ဟင်...''
''တော်ပြီ အဲ့အကြောင်း မပြောချင်တော့ဘူး.... ညက သိပ်အိပ်မပျော်ဘူး ခု နည်းနည်း အိပ်ချင်လာလို့ ခဏလောက် သွားမှေးဦးမယ်....''
ပြောရင်း ထွက်သွားသော အဲ့ကျောပြင်လေးကိုသာ ထုံးစံအတိုင်း ငေးမောကျန်ခဲ့ရလျှက်.....
ငါ ဘာဆက်လုပ်ရတော့မလဲ..... သူမပျော်ရွှင်မှုကိုပဲ ကြည့်ပြီး အဆုံးစွန်ထိ ရဲရင့်လိုက်ရမလား....ကိုယ့် အတ္တကိုသာ ကြည့်ရင်း အဆုံးစွန်ထိ ပေါက်ကွဲလိုက်ရမလား..... သူမကရော..... သူမကရော လက်ခံနိုင်ပါ့မလား...