Unicode.."ဝမ်ရိပေါ် ကို ကောင်မလေး တစ်ယောက် နဲ့
မနေ့က တွေ့လိုက်တယ် ဟေးး""နောက်တစ်ယောက် လား"
"ဟုတ်တယ်ဟုတ်တယ် ငါ မနေ့က ရုပ်ရှင် ရုံ ရှေ့ ဖြတ်သွားတော့
သူတို့ ရုံထဲ ဝင်သွားတာ မြင်လိုက်တယ် ။""မြန်ချက် ဟိုနေ့ကတောင် class room 52 က
ဂျူနီယာ queen မလေး နဲ့ တွဲနေတာကို""ဟ..ဝမ်ရိပေါ် အတည်တွဲတဲ့နေ့
ငါ ရည်းစား ရမယ့် နေ့ပဲ ။""ဒါဆို သေချာပြီ ။
"ဘာ သေချာ တာလဲ "
"မင်း တစ်သက်လုံး စောက်အက်ဖ်အေ ပဲ ဖြစ်မယ် ဆိုတာ လေ "
"လီး..လူကြားထဲ စောက်ရှက်မခွဲနဲ့ ဟ။"
"ဟားး.!!.ဟားးး!!..ဟားးး!!"
တစ်ယောက် တစ်ပေါက် အော်ဟစ်ကာ
တဟီးဟီး တဟားဟား နှင့် ကန်တင်းက အထက်တန်းကျောင်းသားကျောင်းသူ များ
ပွဲကျနေကြသည် ။ဝမ်ရိပေါ် က ဘယ်သူမို့လို့ လဲ ဆိုတော့
ဒိတ်ဒိတ်ကြဲ ဝမ်မျိုးရိုး ရဲ့
အငယ်ဆုံး မျိုးဆက် ဖြစ်တာကြောင့် ပင် ။ချောပေ့ လှပေ့ဆိုသည့် မိန်းကလေးများ အားလုံး
ဝမ်ရိပေါ် နှင့် လွတ်ကင်းသည် မှ မရှိ ဘဲ ။အငယ်ဆုံးဝမ်မျိုးဆက်လေးက
မျက်နှာများသည့်
list ထဲ တွင် top နေရာ no.1 ကနေ
ဘယ်တော့မှ မဆင်းပေ။စာတော် ၊ ဥစ္စာ ပေါ ၊ ရုပ်ချော
စသည့် အချက်များအပြင် အားကစား ဘက်တွင်လည်း ယှဥ်သူမရှိသောကြောင့် ဝမ်ရိပေါ်၏ စက်ကွင်းတွင် ဘယ်မိန်းကလေး မှ
ရုန်းမထွက်နိုင်ချေ ။အခုလည်း ကြည့်
ချစ်သူရည်းစားထားသည်မှာ
မျက်တောင် တစ်ခတ် အတွင်း
လူအပြောင်းအလဲ မြန်လွန်းသဖြင့်
တနေ့ ဘယ်နှစ်ယောက် ထားနေမှန်းကို မသိပေ ။ဝမ်သူဌေးကြီးကလည်း ချစ်သားလေးကို
စိတ်ကစား တဲ့ အရွယ်မို့ လွှတ်ထားသည် တဲ့လေ။စိတ်ကစား သည့် ကောင်မလေး များအား
တန်းစီ ထားမည် ဆိုပါက တရုတ်ပြည်ကျော်ပြီး မြန်မာနယ်စပ်တောင် ရောက်တော့မည် ။
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.