Ep..7..

3.7K 247 5
                                    


"ကင်မ်"

"အင်း ရှောင်းကျန့်"

"ငါ ကျောင်းဝင်ပေါက် နားက ရေခဲမုန့် စားချင်လို့ သွားဝယ်လိုက်ဦးမယ်။
သွားပြီနော်...။"

"အယ်...ရှောင်းကျန့် ။"

သူဘာမှ မပြောရသေးခင် ရှောင်းကျန့် က တော့ အတန်းအပြင်ကို ထွက်သွား ပြီ ဖြစ်သည်။

"ကျောင်းတက်တာ ၂ ရက်ပဲ ရှိသေးတယ်
ငါ့ကို ရှောင်းကျန့် က
အရေးတောင် မလုပ်တော့ ဘူး ဟွန့်။"

ကင်မ် ဆူပုတ်ပုတ်ဖြင့်
ကျောပိုးအိတ် ထဲ က စာအုပ် တွေကို ခုံပေါ်တင်နေတော့သည်။

ရှောင်းကျန့် ကတော့ သွားဝယ်ထားတဲ့
စတော်ဘယ်ရီ ရေခဲမုန့် ကို အာရုံ မလာပါ။
ကျောင်း ဝင်ပေါက်နားက အပင်နားမှာ သူ့ရဲ့ နတ်သားလေးကို ချောင်းနေသည်။

"ဘွန်း.!!!..ဝွန်း...!!!.ဘွန်း..!!."

လီဗာခပ်ပြင်းပြင်း ဆွဲသံကြားအပြီး ရှောင်းကျန့် မျက်နှာ လေး ဝင်းပသွားတော့သည်။

"အဟိ...
ရိပေါ် လာပြီ ရိပေါ် ..."

သူ့စကား မဆုံးသေးခင်မှာပဲ
ဝမ်ရိပေါ် ဆိုင်ကယ် နောက်နေ ခပ်ချောချော မိန်းကလေး တစ်ဦး ခါးဖတ်ကာ ပါလာသည်။

ဘုတ်..~~!!!

ကိုင်ထားသော ရေခဲမုန့်လေး ပြုတ်ကျသွားကာ
ရှောင်းကျန့်လည်း အံ့သြမှု့ကြောင့်
ပါးစပ်ကလေး ဟ သွားသည်။

ရိပေါ် ချစ်သူလား။
ရိပေါ် မှာ ရည်းစား ရှိတာလား။

ရင်တွေ တဒိန်းဒိန်း ခုန်၍ စူးအောင့်လာကာ
မျက်ဝန်းထဲ မျက်ရည်စတွေက
ခဏချင်း ပြည့်လျှံလာတော့သည်။

ရိပေါ် မှာ အစ်မတွေ ၊ ညီမတွေမှ မရှိ တာ သေချာပေါက် သူ့ကောင်မလေး ပေါ့။

ရင်ဘတ်ထဲ က အောင့်ကာ နာသောကြောင့်
ဖြည်းဖြည်းချင်း အသက်ရှူရသည်။
ထို့နောက် သူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။
သူတို့က လိုက်ဖတ်တယ်လေ ။
မင်းနဲ့ မှ မဖြစ်နိုင်တာ ရှောင်းကျန့် ရယ်။
ဘာတွေ စိတ်ကူးယဥ်နေတာလဲ။

ရှောင်းကျန့် ကြည့်နေတုန်းမှာပဲ...ရိပေါ်နဲ့ ထို ကောင်မလေး ကျောင်းထဲ ဝင်သွားတော့သည်။

Oh my crush...Where stories live. Discover now