Ep..30

3.7K 236 17
                                    

""ကျန့်ကျန့် ဖွင့်ပြောဖို့ စဥ်းစားဦးနော်...။""

""ရိပေါ်က ငြင်းမယ် မထင်ဘူး ။
သူက ဘယ်သူ့ကို မှ ကျန့်ကျန့် လောက် အလေးထားတာ မဟုတ်ဘူး... ။""

""ကျန့်ကျန့် ဖွင့်ပြောမှ ဖြစ်မှာ ။
တစ်သက်လုံး ဒီလိုနေလို့ မရဘူးလေ။""

ညနေကျောင်းဆင်းကနေ အိမ်ပြန်ရောက်တဲ့အထိ ရှောင်းကျန့် နားထဲ ထိုစကားတွေက မထွက်။
အခန်းထဲ ဝင်ခါနီး ထိုစကားတွေ ပြန် ကြားမိတော့ ကြက်သီးတောင်ထသွားသည်။

ဖွင့်ပြောရမှာ...။
ဒါ အရမ်း အမြင့်ကြီး မှန်းလွန်းတာပဲ။
ရာခိုင်နှုန်းနဲ့တွက်ရင်တောင်
၁၀၀ မှာ ၉၉ ရာခိုင်နှုန်းက အနှုတ်ပြနေတာ။
မဖြစ်ဘူး...ယောင်လို့တောင် ပြောလို့မဖြစ်ဘူး ။
မရူးစမ်းနဲ့ ရှောင်းကျန့်။
ဒါ လုံးဝ မပြောသင့်တဲ့ ကိစ္စ ။
ပြောလို့ မဖြစ်ဘူး ။

"ကျန့်ကျန့်..."

"ပြောလို့မဖြစ်ဘူး...!"

ခေါင်းတခါခါနှင့် ရှောင်းကျန့်က သူ့ကျဲကျဲ
ခေါ်တာတောင် မကြားဘဲ ယောင်ပြီး
ထိုစကားကို ထွက်သွားသည်။

"ဟင်.."

"အာ..ဟွာကျဲ!"

"ဘာကို ပြောလို့မဖြစ်တာလဲ...။"

"ဟို...ဟို။"

ဘာပြောရမလဲမသိ ဖြစ်နေတုန်း
ဟွာကျဲက သူ့ကို ဧည့်ခန်းဆီ ခေါ်သွားတော့သည်။

"လာပါဦး ကျဲတို့ဆီ...ထိုင် ဒီနား။
ကျဲတို့ နဲ့ စကား အေးဆေးပြောမယ်လေ..။"

"ဟုတ် "

ဧည့်ခန်းအလယ်က ဆိုဖာတွေ ကြားထဲ
ပန်းရင့်ရောင် ဆိုဖာကြီးပေါ် ထိုင်နေသည့် အစ်မတွေ
ခြေရင်းကြား ရှောင်းကျန့် ဝင်လိုက်လိုက်သည်။
ချူးလီကျဲ နှင့် ဟွာကျဲ ကပါ သူ့နားကပ်ထိုင်ကြသည်။

"ငါတို့ ကျန့်ကျန့်လေး စိတ်ညစ်နေတာလား ။"

ချန်ယုကျဲက ရှောင်းကျန့် ဆံပင်လေးကို ခပ်ဖွဖွလေး ပွတ်ကာ မေးတော့...

"ဟင်းး ဟုတ်တယ်ကျဲကျဲ ။"

"ဘာလို့ လဲ...အဟင်းး
အဲ့လို မေးခွန်းတွေ ကျဲတို့က မမေးပါဘူး ။
ကျန့်ကျန့် ပြောချင်တာ ပြောလို့ ရတယ်။"

Oh my crush...Where stories live. Discover now