Ep...24

3.4K 230 16
                                    

မျက်ဝန်းနက်တွေကနေ ကျလာတဲ့ မျက်ရည်စတွေဟာ..
ပန်းချီကားတစ်ချပ်လို သဘာဝဆန်ပြီး လှပလွန်းသည်။

ဒီကလေးဟာ..သိပ်ငယ်လွန်းတယ်။
ဒါပေမယ့် သူ့မျက်လုံးထဲမှာ
သိပ်လည်း လှလွန်းတယ်။
ဘယ်နေရာကြည့်ကြည့် သူ့စိတ်ကို ဖမ်းစားနိုင်တဲ့
ညှို့ချက်တွေချည်းပင်။
ခါးသိမ်သိမ်ဟာ တပွေ့စာပဲ ရှိပြီး ငိုနေတာကတောင်
သူ့ကို ဆွဲဆောင်နေသလိုမျိုးး။

သူဟာ သန်မာတဲ့ ယောကျာ်းသား..။
ကျားပေမို့ အသားမစားရင် ရာဇဝင်ရိုင်းလိမ့်မည်။

ကင်မ်ဟာ တစ်ဖတ်လူ၏ သူ့အပေါ် တိမ်းညွတ်နေမှုကို မသိသောကြောင့် ငိုရှိုက်နေဆဲပင်။
ထပ်ငိုရင် နမ်းမည် ဆိုသောကြောင့် အသံမထွက်အောင် စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့်

"ကျနော် ပြန်တော့မယ်။
ဖုန်းခဏငှားပါ။
ဖေဖေ့ကို ဖုန်းဆက်ချင်လို့ ။"

"ဟင်းးး"

အသက်ရှူသံပြင်းပြင်းက တစ်ခုခုကို
ထိန်းချူပ်နေသလိုမျိုး။
ကင်မ် မော့ကြည့်မိတော့ ထိုလူကြီးက
သူ့ကို စိုက်ကြည့်ကာ အနားကပ်လာသည်။

"ကိုယ်..တခုခု လုပ်မိတော့မယ် ထင်တယ် ။"

"ဘာ..ဘာပြောတာလဲ ။"

"အိမ်ပြန်မလွှတ်ချင်တော့ဘူး။"

"ခင်..ခင်ဗျား ဘာစကားပြောတာလဲ။"

ကင်မ် လန့်သွားကာ ဆိုဖာပေါ်ကနေ ထပြီး ပြေးဖို့ပြင်တော့သည်။
ချက်ချင်းပင် ထိုလူကြီး က သူ့လက်ကို ဆွဲချကာ
ထိုင်နေသော ထိုလူကြီး ပေါ် မှောက်ရက်ကလေး ကျသွားတော့သည်။

ထို့နောက် ရုတ်တရက် ဆိုသလို ကင်မ့်ကို အောက်ပို့ကာ ထိုလူကြီးက အပေါ်ကနေ အုပ်မိုးလိုက်တော့သည်။

"ဘာလုပ်တာလဲ..ကျနော့်ကို လွှတ်ပေး။"

သူ့ပေါ် အုပ်မိုးလာသည့် ထိုလူကြီး၏ ရင်ဘတ်ကို
ကင်မ် ရသလောက် တွန်းကန်ထားသည်။
သူ အခုအခြေနေကြီးကို မကြိုက်ဘူး။
သူ့ကိုယ်ထဲက အားငယ်စိတ်တွေ ဝင်လာသလို
ခံစားရပြီး မျက်ရည်တွေသာ ကျနေတော့သည်။

Oh my crush...Where stories live. Discover now